DVB Logo
Home
မြန်မာသတင်း
ဝက်​လက်​မြို့နယ်၊ ကျေးရွာများ၌ ရေကန်များခမ်းခြောက်ပြီး ​သောက်​​သုံးရေ အခက်အခဲကြုံနေ
DVB
·
April 23, 2019
ဝက်​လက်​မြို့နယ်၊ ကျေးရွာများ၌ ရေကန်များခမ်းခြောက်ပြီး ​သောက်​​သုံးရေ အခက်အခဲကြုံနေ
1 / 3
Donate to DVB

စစ်​ကိုင်းတိုင်းဒေသကြီး၊ ဝက်​လက်​မြို့နယ်​အတွင်းက​ ကျေးရွာတချို့မှာ နေပူရှိန် မြင့်မား ရေတွင်းရေကန်တွေ ခမ်းခြောက်ပြီး ​သောက်​​ရေ ရှားပါးမှုနဲ့ ကြုံ​တွေ့​နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်​။

ဝက်​လက်​မြို့နယ်​အတွင်းမှာ​ ကျေးရွာ​ပေါင်း ၂၃၄ ​ ရွာရှိတဲ့အနက်​ ဝက်​လက်​မြို့နယ်​အ​ရှေ့ခြမ်းက ​​ကျေးရွာတွေကမှာ အဓိက  ​သောက်​​ရေရှားပါး​နေတာ ဖြစ်​ပါတယ်​။

ဝက်လက်ဒေသမှာ တကိုယ်​​တော်​ ပရဟိတလုပ်​​နေသူ ဦးဝင်း​အေးက “​ဒီ စမွန်းရွာမှာ​ သောက်​​ရေခက်​ခဲ​နေတယ်​လို့ ကြားကြားခြင်းလာလှူတာပဲ။ အိမ်​​ထောင်​စု တ​စုကို၂၀ လီတာ​ရေသန့်​ဘူးကြီး တ​ဘူးနှုန်းနဲ့ ဘူး ၁၆၀ လှူတာ” လို့ ​ပြောပါတယ်​။

ဆက်​လက်​ပြီး ​သောက်​​ရေခက်​ခဲလို့ ဆက်​သွယ်​ထားတဲ့ရွာ​တွေဖြစ်​တဲ့ မြင်​​တော်​၊ အ​ရှေ့​ရွှေကျင်​ စတဲ့ရွာ​တွေကိုလည်း လိုက်​လံရေ လှူသွားမယ်လို့လည်း ဆိုပါတယ်​။

စမွန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးထွန်းတင့်က​ “ကျနော်​တို့ရွာမှာ အဝီစိတွင်း တူး​ထားတာ​တော့ ရှိတယ်။ ​ရေငံ​ပဲထွက်​​တော့ သောက်​​ရေတော်​​တော်​ခက်​ခဲတယ်​”လို့ ပြောပါတယ်​။

ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနအ​နေနဲ့ ဟံလင်း​တောင်​ပိုင်း ၅ ရွာ၊ ဘုရား​လေးကုန်း၊ နတ်​ကုန်း၊ အ​ရှေ့​ရွှေကျင်​ စတဲ့ ၄ ရွာကို ​သောက်​​ရေ ​ဝေငှဖို့ အဓိက စီစဉ်​ထားတာဖြစ်​​ပေမယ့် အခြားအ​ရေးတကြီးလိုအပ်​တဲ့ ရွာ​တွေရှိခဲ့ရင်​လည်း အ​ကြောင်းကြား ကြဖို့ ဖုန်းနံပါတ်​တွေ ပေးထားတယ်​လို့ သိရပါတယ်​။

ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေး ဦးစီးဌာန မြို့နယ်​ဦးစီးမှူး ဦး​အောင်​လွင်​ဦး က “ကျနော်​တို့ဌာန အ​နေနဲ့က​တော့ ​လာမယ့် ​သောကြာ​နေ့ ကစပြီး ​သောက်​​ရေလိုအပ်​တဲ့​ နေရာ​တွေကို အလှည့်ကျ ​ဝေငှသွားမှာပါ”လို့ ပြောပါတယ်​။

ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေးတိုးတက်​​ရေး ဦးစီးဌာနအ​နေနဲ့ပြီးခဲ့တဲ့ ၇ နှစ်​တာကာလအတွင်း​ ယူနီဆက်ဖ်အဖွဲ့နဲ့  ပူး​ပေါင်းပြီး ကျေးရွာ ၁၀ရွာမှာ အဝီစိတွင်း တူး​ပေးတာ၊ ရွာ ၂၃ ရွာမှာ ပိုက်​လိုင်းသွယ်ပေးတာ၊ တွင်းနက်​ ၅၃ တွင်းနဲ့ ​မြေသားကန်​ ၃၁ ကန်​တူးပေးတာ၊  မြစ်​​ရေတင်​လုပ်ငန်း ၄ ရွာမှာ ဆောက်ရွက်ပေးတာအပါအ၀င် ​ရေရှားပါတဲ့ ရွာ​ပေါင်း ၉၀ ​ကျော်​ အတွက် ရေတွင်း ရေကန်​​တွေလုပ်​​ပေးထား​တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ​နေပူရှိန်​မြင့်မားလာတာရယ်​၊ မိုးရွာသွန်းမှု နည်းလာတာ​ရယ်​​ကြောင့် ​သောက်​​ရေကန်​​တွေ​ စော​စောစီးစီး ခမ်း​ခြောက်​လို့​ ရေအခက်​အခဲဖြစ်​ရတာ​လို့​ ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနက ပြောပါတယ်​။

သတင်း- ​အောင်​စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013