DVB Logo
Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းအပေါ် စွဲချက်များ  ပြင်ဆင်ပယ်ဖျက်ပေးရန် တရားရုံးချုပ်ကို လျှောက်ထား
DVB
·
April 22, 2019
ဖြိုးကိုကိုတင့်ဆန်းအပေါ် စွဲချက်များ  ပြင်ဆင်ပယ်ဖျက်ပေးရန် တရားရုံးချုပ်ကို လျှောက်ထား
Donate to DVB

လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ တရားစွဲခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းအပါအ၀င် ၆ ဦးအတွက် ခရိုင်တရားရုံးရဲ့ စွဲချက်တင်အမိန့်တွေကို ပြင်ဆင် ပယ်ဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ကို သူ့ရဲ့ရှေ့နေက ဒီကနေ့ တင်ပြလျှောက်ထားလိုက်ပါတယ်။

ဖြိုးကိုကိုတင့်ဆန်း အပါအ၀င် ၆ ဦးအပေါ် ဒက္ခိဏခရိုင်တရားရုံးက စွဲချက်တင်ထားတဲ့ အမိန့်တွေကို ပြင်ဆင်ပယ်ဖျက်ရေးပေးဖို့ လျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်က ပယ်ချလိုက်တဲ့အတွက် မိသားစုရဲ့ဆန္ဒအရ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးသို့ တင်ပြလျောက်ထားထားတယ်လို့ ဖြိုးကိုကိုတင့်ဆန်းအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က တင်ပြလျှောက်ထားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အရင်စစ်ဆေးနေတဲ့ပုံစံ အတိုင်း အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ရုံးထုတ်စစ်ဆေးနေပါတယ်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးအနေနဲ့ ဖြိုးကိုကိုဆင့်ဆန်းကို လက်နက်မှုနဲ့ မူးယစ်ဆေးဝါးမှုတို့အပါအ၀င် ပုဒ်မ ၁၄ ခုနဲ့ ဖေဖော်ဝါရီလက စွဲချက်တင်အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး သူနဲ့ ပါဝင်ပတ်သက်သူတွေကိုတော့ သက်ဆိုင်ရာပုဒ်မတွေအလိုက်စွဲချက်တင်အမိန့်ချမှတ်ထား လည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူတွေရဲ့ အမှုအားလုံးကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက တာဝန်ယူစစ်ဆေးနေတာဖြစ်ပြီး ဧပြီလ ၂၂ ရက် ရုံးချိန်းမှာတော့ ပြန်ခေါ်သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။

ဧပြီ ၂၃ရက် ရုံးချိန်းမှာတော့ တရားလိုပြ သက်သေတွေကို စစ်ဆေးသွားဖို့ရှိပြီး အခုနှစ် ၂၀၁၉ အတွင်း အမှုတခုလုံး စစ်ဆေးပြီးစီးနိုင်မယ်လို့လည်း အမှုအပေါ် လိုက်ပါဆောင်ရွက်နေ သူတွေကခန့်မှန်းထားပါတယ်။

ဒီအမှုမှာပါဝင်ပတ်သက်သူတွေကို နေပြည်တော်မှာ ရာဇသတ်ကြီးပုဒ်မ ၁၀ ခုနဲ့ တရားခံပြေးမှု ၂ မှု အထိ တရားစွဲဆိုထားပြီး ရန်ကုန်မှာတော့ ရာဇသတ်ကြီးပုဒ်မ ၇ မှုနဲ့ တရားခံပြေးမှု ၄ မှုအထိ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013