DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားမရှိ၊ ပြစ်ဒဏ်သက်သာစေရန်အမည်ခံခြင်းဖြစ်ဟု အကျဉ်းဦးစီးထုတ်ပြန်
DVB
·
April 22, 2019
နိုင်ငံရေးအကျဉ်းသားမရှိ၊ ပြစ်ဒဏ်သက်သာစေရန်အမည်ခံခြင်းဖြစ်ဟု အကျဉ်းဦးစီးထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘဲ တည်ဆဲ ဥပဒေတရပ်ရပ်ကို ကျူးလွန် ဖောက်ဖျက်လို့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေပဲ ရှိတယ်လို့  အကျဉ်းဦးစီးက ထုတ်ပြန်ပါတယ်။

မီဒီယာတချို့ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးဖို့ ရေးသားဖော်ပြ နေကြတာကြောင့် အခုလို ထုတ်ပြန်တာဖြစ်ပြီး တရားရုံးတွေက ပြစ်ဒဏ်ချမှတ်ပြီး ထောင်တွေကိုပို့တဲ့ အပြစ်ပေး ဝရမ်းအပေါ်မှာ နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါသည် ဆိုပြီး ရေးသား ပေးပို့တဲ့ အကျဉ်းသား တယောက်မှ မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံတော်မှာ အသုံးပြုနေတဲ့ ရာဇသတ်ကြီး ဥပဒေ၊ အထူးနဲ့ အထွေထွေဥပဒေ၊ တည်ဆဲဥပဒေ တရပ်ရပ်မှာလည်း နိုင်ငံရေး အကျဉ်းသားကို အဓိပ္ပာယ်ဖွင့်ဆိုထားတာ မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ မရှိတဲ့အကြောင်းကို ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ် ဇွန်လနဲ့ ၂၀၁၇ ဇွန်လတို့မှာ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက လွှတ်တော်မှာ ဖြေကြားခဲ့ပြီး ဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အသင်းအဖွဲ့တခုက နိုင်ငံရေး အကျဉ်းသားတွေလို့ ဖော်ပြထားတဲ့ ၄၈ ယောက် စာရင်းကို စိစစ်ရာမှာ ရှာမတွေ့သူ ၇ ယောက်၊ လွတ်မြောက်ပြီးသူ ၄ ယောက်၊ ပြစ်ဒဏ် ကျခံဆဲ ၃၇ ယောက် တွေ့ရပြီး ပြစ်ဒဏ်ကျခံဆဲသူတွေဟာ နိုင်ငံရေး ဆောင်ရွက်တာကြောင့် ထောင်ကျလာတာ မဟုတ်ဘဲ ရာဇဝတ်ပြစ်မှု အသီးသီးကျူးလွန်လို့ ပြစ်ဒဏ် ကျခံနေရတာလို့ ဆိုပါတယ်။

သူတို့ဟာ ပြစ်ဒဏ်တွေ လျော့နည်း သက်သာစေဖို့အတွက် နိုင်ငံရေးအကျဉ်းသားလို့ အမည်ခံလာတာလို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မြန်မာ့နှစ်သစ်ကူးမှာ နိုင်ငံတော်သမ္မတက အကျဉ်းသား ၉၅၀၀ ကျော်ကို  လွတ်ငြိမ်း သက်သာခွင့်နဲ့ ပြန်လွှတ်ရာမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ လွတ်မြောက်လာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) ကပြောပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်ကလည်း နိုင်ငံရေးလှုပ်ရှားသူတွေ၊ ၈၈မျိုး ဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အကျဉ်းထောင်ထဲမှာ အများအပြားရှိနေပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့  ပြောကြားခဲ့ ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013