DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း လေ​ဘေးသင့်ရွာများကို ကျပ်​သိန်း ၃၅၀ ကျော်​ ထောက်​ပံ့​ငွေ​ပေးအပ်
DVB
·
April 22, 2019
မကွေးတိုင်းအတွင်း လေ​ဘေးသင့်ရွာများကို ကျပ်​သိန်း ၃၅၀ ကျော်​ ထောက်​ပံ့​ငွေ​ပေးအပ်
1 / 4
Donate to DVB

မ​ကွေးတိုင်း​အတွင်း လေဘေးဒဏ်ခံခဲ့ရတဲ့ ​ကျေးရွာ​ပေါင်း ၇၃ ရွာကို တိုင်း​ဒေသကြီး ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနက ကျပ်​သိန်း ၃၅၀ ကျော်​ တန်​ဖိုးရှိ ဆန်​ရိက္ခာ၊ အသုံး​ဆောင်​ပစ္စည်းနဲ့ ဆောက်​လုပ်​​ရေးပစ္စည်း​တွေ ထောက်​ပံ့​ပေးအပ်ခဲ့ပါတယ်။

မကွေးတိုင်းအတွင်း လေပြင်းတိုက်ခတ်ခဲ့လို့ လူနေအိမ် ၃၃ လုံးနဲ့ ဘာသာရေး အဆောက်အဦတခုလုံးဝ ပြိုကျပျက်ဆီးခဲ့ပြီး လူနေအိမ် ၅၇၉ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၁၃ လုံး အစိတ်​အပိုင်းတွေပျက်ဆီးခဲ့ကာ လေဘေး သင့် အိမ်ထောင်စုပေါင်း ၆၁၂စု၊ လူဦးရေ ၁၇၉၇ တို့အတွက်​ ​ထောက်​ပံ့ခဲ့တာပါ။

မ​ကွေးတိုင်း​ ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှုဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးမြင့်​စိုးက “လေဘေးသင့် ပြည်သူတွေလက်ထဲကို ကယ်ဆယ်ရေးပစ္စည်းတွေ၊  ရန်ပုံငွေတွေ အချိန်မီ ရောက်ရှိအောင် ဆောင်ရွက်​နေပါတယ်​။ ​လေ​ဘေးသင့် ပြည်​သူ​တွေအ​နေနဲ့ အိမ်ဆောက် ပစ္စည်းတွေအစား ငွေကိုပဲလိုချင်ကြတဲ့အတွက် ငွေသားပဲ ထောက်ပံ့ပေးတာပါ။ ဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျေးရွာတွေမှာ ပညာပေးဟောပြောပွဲတွေ ဆက်လက်​လုပ်​​ဆောင်​သွားမယ် ” လို့ ပြောပါတယ်​။

မ​ကွေးတိုင်း​ဒေသကြီးအတွင်း မတ်လ၃၀ရက်ကနေ ဧပြီ ၈ ရက်​​နေ့အထိ ​ကျေးရွာ​ပေါင်း ၂၆ ရွာမှာ လေပြင်းတွေတိုက်ခိုက်လို့ ထိခိုက်ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။

ဧပြီ၁၇ ရက်နေ့မှာတော့ မကွေးမြို့နယ်၊ ပေါက်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာ​ ၃၆ရွာမှာ လေပြင်းတွေ ထပ်မံတိုက်ခတ်ခဲ့သလို ဧပြီ ၁၈ရက်မှာလည်း ဂန့်ဂေါမြို့နယ်၊​ ပေါက်မြို့နယ်​နဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာ​ ၁၁ ရွာတို့မှာ လေပြင်းတိုက်လို့ ထိခိုက်ပျက်စီးခဲ့ပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013