DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲ ဂန့်ဂေါတွင် ပြုလုပ်
DVB
·
April 21, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲ ဂန့်ဂေါတွင် ပြုလုပ်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး မြို့နယ်လုံးဆိုင်ရာ လူထုဟောပြောပွဲကို ဒီနေ့ မနက်ပိုင်းက မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ ရွှေပြည်ဆိပ်ဦး ဘုရားထိပ်၊ လေယာဉ်ကွင်းတွင် ပြုလုပ်ခဲ့ပါတယ်။

ဒီဟောပြောပွဲကို ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတွေရှိ စိတ်ပါဝင်စားတဲ့ ပြည်သူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး စာရေးဆရာ ထင်လင်းဦးက  ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်တာကြောင့် ကြိုးစားဆောင်ရွက် ပါဝင်ပေးကြဖို့ကို တိုက်တွန်းခဲ့ပါတယ်။

"နိုင်ငံတော် အခြေခံဥပဒေပေါ်ပေါက်ရေးက နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်သည်လို့ စာအုပ်စိမ်းမှာ ဖော်ပြထားတယ်။ သို့သော် သူတို့က ဘယ်နိုင်ငံသားရဲ့ ကိုယ်စားလှယ်မှ မပါဘဲ ရေးသွားတယ်။ အဲဒီလို မူမမှန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကိုပြင်ဆင်ဖို့ ကျနော်တို့က သတင်းစာထဲမှာ ထည့်မရေးသော်လည်း အားလုံးမှတ်သွားလိုက်ပါ။ နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးသည် ငါတို့ နိုင်ငံသား အားလုံး၏ တာဝန်ဖြစ်သည်လို့ မှတ်ယူပြီး ကြိုးစားပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ အရေးကြီးပြင်ဆင်သင့်တဲ့ ပုဒ်မ ၄၃၆ အပြင် တခြားပုဒ်မတွေ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီးတော့လည်း ဟောပြောခဲ့ပါသေးတယ်။

ဂန့်ဂေါမြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မြို့နယ်ခုံးဆိုင်ရာ လူထုထောက်ခံပွဲ ဟောပြောပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ မျိုးဆက်သစ်တိုးတက်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ကြစို့ စတဲ့ ဗွီနိုင်း ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းက NLD ပါတီဝင်တဦးကနေ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူပေါင်းကော်မတီဖွဲ့စည်းဖို့ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး နောက်ပိုင်း နိုင်ငံအနှံ့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013