DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ တက်မည်
DVB
·
April 21, 2019
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ တက်မည်
Donate to DVB

ရုရှားနိုင်ငံ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၈ ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ တက်ရောက်မယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နဲ့ ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ  ရုရှားနိုင်ငံ၊ အူလန် အူဒယ်မြို့ကို မနေ့ညနေပိုင်းက ရောက်ရှိခဲ့တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ခရီးစဉ်အတွင်း ၈ ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (8th Moscow Conference on International Security) ကို တက်ရောက်မှာပါ။

ဒါ့အပြင့် ရုရှားအစိုးရနဲ့ တပ်မတော်မှအကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့အတူ အထင်ကရ နေရာတွေကို လှည့်လည်ကြည့်ရှုလေ့လာတာတွေ ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ တပ်မတော်အရာရှိကြီးတွေ လိုက်ပါသွားပါတယ်။

၈ ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကို ဧပြီ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013