DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 20, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င်တအိတ်ကို ၇၅၉၀၀ ပေါက်ဈေးရှိပြီး ၁၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ(သစ်) တအိတ်ကို ၆၈၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၉၀၀ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ၀င်တအိတ်ကို ၉၄၀၀၀ ပေါက်ဈေးရှိပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)တအိတ်ကို ၉၁၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၃၀၀၀ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူကပိဿာ ၆၀ ၀င်တအိတ်ကို ၅၇၉၀၀ ကနေ ၆၆၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းဖြူတအိတ်ကို ၆၀၀၀၀ ကနေ ၆၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၀၀ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင်တအိတ်ကို ၇၈၇၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၇၂၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ အနိမ့်ဆုံးဈေးက ၆၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း

မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင်တအိတ်ကို ၂၀၅၀၀ ကနေ ၂၁၅၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ စီပီပြောင်းတအိတ်ကို ၃၉၉၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၈၄၀၀ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ(ဟော်လန်)

အောင်လံကုန်စည်ဒိုင်မှာ ကုလားပဲ(ဟော်လန်)က တအိတ်ကို ၈၅၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ(ဟော်လန်)က တအိတ်ကို ၈၁၉၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၃၆၀၀ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013