DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲ လက်ပံတန်းတွင် ပြုလုပ်
DVB
·
April 20, 2019
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲ လက်ပံတန်းတွင် ပြုလုပ်
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ ဒီနေ့မနက်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲကို လူအင်အား ၁၅၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲနဲ့ ဟောပြောပွဲကို လက်ပံတန်းမြို့ ၁ လမ်းအဝိုင်းမှ ပြည်သူ့ပန်းခြံရှေ့ထိ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တို့အရေး” “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပါသည်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည်လမ်းလျှောက်ခဲ့ကြပါတယ်။

ဟောပြောပွဲမှာ ဆရာထင်လင်းဦးက "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရေးခဲ့တဲ့လူတွေက ရည်ရွယ်ချက်ရှိရှိ ပြည်သူကို လိမ်ဖို့ လုပ်ခဲ့တာ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် စစ်အာဏာရှင်စနစ် အဲ့ဒီကနေပြီး ဒီမိုကရေစီကို အပြောင်းအလဲကာလမှာ ပြည်သူတွေဘက်ကနေ အပြည့်အဝ ပြည်သူ့အာဏာကို မလွှဲအပ်ဘဲ အစိတ်အပိုင်းတခုကို ထိန်းချုပ်ထားတာ၊ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေ တရားဥပဒေစိုးမိုးရေးကိစ္စတွေအားလုံးမှာ နောင် ပြည်သူက ရွေးကောက်တင်မြှောက်တဲ့အစိုးရမှာ လုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝမရအောင် ဒီ ၂၀၀၈ အခြေခံဥပဒေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုတာကို ပြည်သူတွေ သိစေချင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဦးဆောင်သူ ဦးဇော်ထက်နိုင်က "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူနဲ့ တပ်မတော်နဲ့ကို သွေးခွဲထားသလိုဖြစ်နေတယ်။ ပြည်သူအားလုံးက ချစ်တဲ့မြန်မာ့တပ်မတော်ကြီးဖြစ်သွားဖို့အတွက် ကျနော်တို့က ဒါကို ပြင်ဆင်ချင်တာပါ။ တပ်မတော်ကို ပြည်သူက ဒီ့ထက်ပိုပြီး လေးစားချစ်ခင်ဖို့နဲ့ လွှတ်တော်ထဲမှာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပူးပေါင်းကော်မတီဖွဲ့ပြီး လုပ်တာကို ပြည်သူက ထောက်ခံပါတယ်ဆိုတာ ပြဖို့ ဒီနေ့ပွဲကို လုပ်တာပါ " လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒဖော်ထုတ်ပွဲနဲ့ဟောပြောပွဲကို မနက် ၁၀ နာရီလောက်မှာ ပြီးစီးခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ထောက်ခံကြောင်း လက်မှတ်၂၀၀၀ နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013