DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် ပုညရှင်စက္ခုပါလ မျက်စိကုဆေးရုံသစ်ကြီးဖွင့်လှစ်
DVB
·
April 20, 2019
မိုးညှင်းတွင် ပုညရှင်စက္ခုပါလ မျက်စိကုဆေးရုံသစ်ကြီးဖွင့်လှစ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပုညရှင်တောရ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ ရိပ်သာမှာ ပုညရှင်စက္ခုပါလ (အခမဲ့) မျက်စိကုသဆေးရုံသစ်ကြီး ဖွင့်ပွဲနဲ့ တတိယအကြိမ် (အခမဲ့) မျက်စိစမ်းသပ်ခွဲစိတ်ကုသပွဲကို ဒီနေ့မနက် ကျင်းပခဲ့ပါတယ်။

“မိုးညှင်းမြို့က ခရိုင်မြို့ တော်ဖြစ်ပြီး ခရိုင်ဆေးရုံမရှိဘူး။ ခရိုင်ဆေးရုံမရှိတော့ မျက်စိကုသတဲ့ ဆရာဝန်မရှိလို့ မျက်စိဝေဒနရှင်တွေ အားကိုးရာမဲ့နေတယ်။ အဲဒီကွက်လပ်ကို ဖြည့်ပေးတာဖြစ်ပါတယ်။ ပြီးတော့ လူ့ဘဝမှာ မှတ်တမ်းလေးတခုတော့ စိုက်ထူချင်လို့ အမြူ တေဖြစ်တာတော့ကြာပါပြီ။ ငွေကြေးအခက်အခဲကြောင့် ကြန့်ကြာနေတာပါ” လို့ မိုးညှင်းမြို့ ပုညရှင်စက္ခုပါလဆေးရုံ ဆရာတော် ဒေါက်တာ အရှင်ကစ္စယန(သြစတေးလျ)က မိန့်ကြားပါတယ်။

ဆရာတော်ဦးဆောင်မှုနဲ့ ရန်ကုန်မြို့က မျက်စိပါရဂူကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင်လာရောက်ပြီး မျက်စိဝေဒနာရှင်တွေကို မခွဲစိတ်မီနဲ့ ခွဲစိတ်ပြီးတဲ့အထိ စမ်းသပ်ခ၊ ခွဲစိတ်ခ၊ မျက်မှန်၊ ဆေးဝါး၊ အစရှိတာတွေကို အခမဲ့ကုသပေးမယ်လို့ သိရပါတယ်။

“အဝေးမြို့ကိုသွားဖို့ဆိုတာ၊ ကျမတို့ တောသူတောင်သားတွေအနေနဲ့ အရမ်းကို ခက်ခဲပါတယ်။ ငွေကြေးကပထမဆုံးပေါ့။ ပြီးတော့အချိန်။ တယောက်တည်းသွားလို့လည်း အဆင်မပြေဘူး။ ဆေးဖိုးထက် ဝါးဖိုးက ပိုအရေးကြီးပြန်ရော။ ဒီမှာက အခမဲ့ဆိုတော့ ပိုပြီးအဆင်ပြေတယ်။ ဆရာတော်ကို အရမ်းကျေးဇူးတင်ပါတယ်။ မနက် ၆ နာရီကစပြီးဖွင့်ပြီပြောလို့ ရွာကတယောက်တည်း အစောကြီးလာခဲ့တာ” လို့ ပင်းဟဲကျေးရွာမှ မျက်စိလာရောက်ကုသတဲ့ ဝေဒနာရှင်မိန်းကလေးက ပြောပါတယ်။

စက္ခု ပါလ ဆေးရုံအနေနဲ့ တနှစ်မှာတကြိမ် မျက်စိဝေဒနာရှင်သုံးထောင်ကို ကုသပေးဖို့၊ တပတ်မှာနှစ်ကြိမ် အထွေထွေ ရောဂါကုသမှုပြုလုပ်ပေးဖို့ လျာထားခဲ့ပြီး ကုသမှု အားလုံးအတွက် ပုညရှင်စက္ခု ပါလအစီအစဉ်နဲ့ အခမဲ့ပြု လုပ်ပေးမယ်လို့ သိရပါတယ်။

ဧပြီ ၂၀ ကနေ ၂၂ ရက် အထိ မျက်စိစမ်းသပ်မှုပြုလုပ်မှာဖြစ်ပြီး ဧပြီ ၂၃ ကနေ ၂၅ ရက်မှာ ခွဲစိတ်မှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013