DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် အန်အယ်လ်ဒီပါတီ၊ အစိုးရနှင့် လွှတ်တော် တွေ့ဆုံပွဲပြုလုပ်
DVB
·
April 20, 2019
ကချင်ပြည်နယ်တွင် အန်အယ်လ်ဒီပါတီ၊ အစိုးရနှင့် လွှတ်တော် တွေ့ဆုံပွဲပြုလုပ်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ City Park Royal Restaurant မှာ ကချင်ပြည်နယ် အန်အယ်လ်ဒီပါတီ၊ အစိုးရနဲ့ လွှတ်တော်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီ အနိင်ရရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်က ပြောပါတယ်။

“ပထမတချက်က ဥပဒေနဲ့ စည်းမျဉ်းကမ်းတွေကို မပျက်ကွက်ဖို့ပါ။ ဒုတိယတချက်က နိုင်ငံတော် ငွေ၊ ပစ္စည်း နစ်နာဆုံးရှုံးအောင် မလုပ်ဖို့ ဒီနှစ်ချက် အင်မတန်အရေးကြီးပါတယ်။ ပါတီမှာလည်း ဒီနှစ်ချက်ကို လိုက်နာပြီးမှ အဲဒီအတိုင်း ကျင့်ကြံပြီး ပြည်သူတွေကို မှားရင်လည်း မှားတယ်၊ ပွင့်လင်းမြင်သာစွာနဲ့ ပြောနိုင်ရမယ်။ ပါတီရဲ့ အထက်နဲ့ အောက်ခြေကလည်း ဒါတွေကို ပြောင်းလဲပေးနိုင်မယ်ဆိုရင် ပြည်သူတွေကလည်း နားလည်ပြီးသားပါ။ ၂၀၂၀ ဟာ ကျနော်တို့ လက်ထဲမှာပါ။”

ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေအပေါ်မူတည်ပြီး ပါတီ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေကြားက အားနည်းချက်တွေကို ၀ိုင်းဝန်းအဖြေရှာပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆွေးနွေးပွဲ အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013