DVB Logo
Home
မြန်မာသတင်း
နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅ ဦးကို ဒုတိယအကြိမ် ရုံးထုတ်
DVB
·
April 20, 2019
နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅ ဦးကို ဒုတိယအကြိမ် ရုံးထုတ်
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တရာရုံးမှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁)နဲ့ အမှုဖွင့်ခံထားရတဲ့ NSCN-K နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅ ဦးကို ဧပြီ ၁၉ ရက်က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုသက်သေ ဗိုလ်မှူးဇာနည်အောင်ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ထောင်ထဲမှာတော့ နှစ်ယောက်တခန်း နေရပြီး အေးအေးဆေးဆေးနေရတယ်လို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ဒုဗိုလ်မှူးကြီး အောင်ဆိုင်းက ပြောပါတယ်။

မတ် ၉ ရက်ကတည်းက ခန္တီးအခြေစိုက် ခလရ (၅၂) တပ် နယ်ရိပ်သာမှာ NSCN-K ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးဖြစ်တဲ့ ဦးအန်ကန့်၊ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင်၊ ဦးစောထင်၊ ဦးအောင်ဆိုင်းတို့ကို ခေါ်ဆောင်ထိန်းသိမ်းထားပါ။

အဲ့ဒီ ၅ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ခန္တီးရဲစခန်းမှာ မတ် ၂၆ ရက်နေ့ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီကနေ့ ရုံးချိန်းမှာ သက်သေ မဆုံတဲ့အတွက် ဧပြီလ ၂၉ ရက်နေ့ ချိန်းဆိုခဲ့ပါတယ်။

အဖမ်းဆီးခံထားရသူတွေကတော့ အစိုးရအနေနဲ့ ပြန်လည်လွှတ်ပေးဖို့ မျှော်လင့်တယ်လို့ တရားရုံးထုတ်ချိန် ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013