DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ဧပြီ ဒုတိယဆယ်ရက်ပတ်အတွင်း ပုံမှန်နေ့အပူချိန်ထက် ၃ စင်တီဂရိတ် ပိုပူ
DVB
·
April 19, 2019
မန္တလေးတွင် ဧပြီ ဒုတိယဆယ်ရက်ပတ်အတွင်း ပုံမှန်နေ့အပူချိန်ထက် ၃ စင်တီဂရိတ် ပိုပူ
Donate to DVB

မန္တလေးမြို့မှ ဧပြီလဒုတိယဆယ်ရက်ပတ်အတွင်း ပုံမှန်နေ့အပူချိန်ထက် သုံးစင်တီဂရိတ် ပိုပူနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

မန္တလေးမြို့ရဲ့ ဧပြီလဒုတိယဆယ်ရက်ပတ်အတွင်း ပုံမှန်နေ့အပူချိန်က ၃၉ စင်တီဂရိတ်ဝန်းကျင်မှာ ရှိပေမယ့် အခုနှစ်မှာ နေ့အပူချိန်က ၄၂ စင်တီဂရိတ်ဝန်းကျင်ထိ မြင့်တက်နေတာဖြစ်ပြီး မန္တလေးမြို့ရဲ့ ပုံမှန်နေ့အပူချိန်ထက် ၃ စင်တီဂရိတ် ပိုပူခဲ့တာလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ခွဲ ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးမြို့မှာ ဧပြီ ၁၂ ရက်က စတင်ပြီး ပုံမှန် နေ့အပူချိန်ထက် မြှင့်တက်မှု လာတာဖြစ်ပါတယ်၊ သင်္ကြန်ပွဲတော်ကာလ ၄ ရက်အတွင်း နေ့အပူချိန် ပိုများခဲ့ပြီး သင်္ကြန်အတက်နေ့မှာ နေ့အပူချိန် ၄၂ ဒသမ ၅ စင်တီဂရိတ်ထိ အပူချိန်ရှိခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ နောက် သုံးရက်မှ ငါးရက်အတွင်း မိုးရွာနိုင်ခြေ နည်းပါးပေမယ့် နေရာဒေသအလိုက် မိုးတိမ်တောင်ဖြစ်ပေါ်ပြီး ထစ်ချုန်းမိုး ရွာသွန်းနိုင်ခြေ ရှိတယ်လို့ ဦးကျော်လွင်ဦးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လာမယ် ဧပြီလတတိယအပတ်အတွင်း ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ စင်တီဂရိတ်ထက် ပိုပူနိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအချိန်ကာလဟာ အပူရှိန်လွန်ကဲပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားနေတဲ့အတွက် သတိပြု သွားလာသင့်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ် ဆိုးကျိုးတွေ မခံစားစေဖို့အတွက် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက် သွားလာလှုပ်ရှားမှု ရှောင်သင့်ပြီး မဖြစ်မနေ သွားလာမယ်ဆိုရင် မျက်နှာ၊ လည်ပင်း၊ ပခုံးကို လုံခြုံတဲ့ ထီး ဦးထုပ်ဆောင်းတာ၊ နေ့လယ်ခင်းမှာ လွင်တီးခေါင်၊ ရေချိုးဆိပ်တွေမှာ ရေချိုးခြင်းရှောင်တာ၊ အရက်သေစာ သောက်စားခြင်း ရှောင်ကြဉ်ဖို့နဲ့ ခန္ဓာကိုယ်အတွင်း ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု မဖြစ်ပေါ်စေဖို့အတွက် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးသင့်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013