DVB Logo
Home
မြန်မာသတင်း
ပုဂံဘုရား သမိုင်းအချက်များ အလွယ်တကူဖတ်နိုင်ရန် QR Code များဖြင့် ချိတ်ဆက်ထား
DVB
·
April 19, 2019
ပုဂံဘုရား သမိုင်းအချက်များ အလွယ်တကူဖတ်နိုင်ရန် QR Code များဖြင့် ချိတ်ဆက်ထား
Donate to DVB

ပုဂံက ဘုရားတွေမှာ သမိုင်းအချက်အလက်တွေ အလွယ်တကူဖတ်ရှုနိုင်မယ့် QR Code တွေနဲ့ ချိတ်ဆက်ထားပြီး ဖြစ်တယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒါကို ရန်ကုန်ကွန်ပြူတာတက္ကသိုလ်၊ ထိုင်းနိုင်ငံ National Electronic and Computer Technology Center (NECTEC) နဲ့ ရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲက ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက “အခု အဆူ ၆၀ မှာ စိုက်ထူပြီးသွားပါပြီ။ လူသွားလူလာများတဲ့ တန်ခိုးကြီး ဘုရားတွေမှာ စိုက်ထူခဲ့တာပါ။ လောလောဆယ်တော့ နောက်ထပ် လုပ်ဖို့ မရှိသေးပါဘူး” လို့ ပြောပါတယ်။

စေထီပုထိုးတွေနားမှာ QR Code ကို ဖတ်ရှုနိုင်ဖို့ ဘုတ်ပြားတွေ ထောင်ပေးထားတာ ဖြစ်ပြီး Museum Pool ဆိုတဲ့ အပလီကေးရှင်းကို ဒေါင်းလုဒ်ရယူရမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်က အဆူ ၂၀ မှာ စတင် စိုက်ထူခဲ့တာဖြစ်ပြီး အခု ၂၀၁၉ ခုနှစ် ဧပြီ ဒုတိယပတ်က အဆူ ၄၀ မှာ ထပ်ပြီး စိုက်ထူခဲ့တာပါ။

ရှေးဟောင်းစေတီပုထိုး တဆူချင်းစီရဲ့ သမိုင်းအချက်အလက်တွေကို အင်္ဂလိပ်၊ မြန်မာဘာသာတွေနဲ့ ဖော်ပြထားသလို အသံနဲ့လည်း နားထောင်နိုင်မှာ ဖြစ်ပါတယ်။

အခု ဧပြီ ဒုတိယပတ်မှာ တပ်ဆင်ပြီးစီးခဲ့တဲ့ စေတီပုထိုးတွေကတော့ မီးမလောင်ကျောင်း၊ မီးငြိမ်းကုန်း၊ နွားပြဂူ၊ မဟာစေတီ၊ မင်္ဂလာစေတီ၊ ဂူပြောက်ငယ်(မြင်းကပါ)၊ ဂူပြောက်ကြီး(မြင်းကပါ)၊ မြစေတီ၊ နန်းဘုရား၊ အပယ်ရတနာ၊ နဂါးရုံ၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိမ်းညက်ညီအမ၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ ရှင်ပင်သာလျောင်း၊ ရွှေဆံတော်၊ လောကထိပ်ပန်၊ ငကျွဲနားတောင်း၊ သံတော်ကြား၊ သရပါဂိတ်၊ အာနန္ဒာအုတ်ကျောင်း၊ ဥပါလိသိမ်၊ အလိုတော်ပြည့်၊ ကျန်စစ်သားဥမင်၊ ရှင်မထီး၊ ဂူပျောက်ကြီး (ဝက်ကြီးအင်း)၊ ဆပဒ(ဘုရားနီ)၊ ကုန်းတော်ကြီး၊ သကျမုနိ၊ ကျောက်ဂူဥမင်၊ နန္ဒမညာဘုရား၊ ဘုရားသုံးဆူ၊ လေးမျက်နှာဘုရား၊ သစ္စာဝတီဘုရား၊ အတွင်းစည်းခုံ၊ ပိဋကတ်တိုက်၊ သပိတ်မှောက်ဘုရား (ပံ့သကူမထေရ်ဘုရား)၊ နတ်လျောင်းကျောင်းနဲ့ ဆင်ဖြူရှင်အုတ်ကျောင်း တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013