DVB Logo
Home
မြန်မာသတင်း
ထိုင်းဝရမ်းပြေး ၂ ဦးအား မြန်မာဘက်က ပြန်လွှဲအပ်
DVB
·
April 19, 2019
ထိုင်းဝရမ်းပြေး ၂ ဦးအား မြန်မာဘက်က ပြန်လွှဲအပ်
Donate to DVB

ထိုင်းနိုင်ငံက မူးယစ်မှုနဲ့ လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံ ၂ ဦးကို မြန်မာအာဏာပိုင်တွေက ထိုင်းနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

အဆိုပါတရားခံ ၂ ဦးကို တာချီလိတ်ခရိုင် လ၀က နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မနေ့ ညနေ ၃ နာရီခွဲအချိန် တာချီလိတ်နဲ့ မယ်ဆိုင်ကြားရှိ ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် ၁ ပေါ်မှာ လွှဲပြောင်းပေးအပ်ခဲ့ပြီး ချင်းရိုင်းခရိုင် တာဝန်ရှိသူတွေက  လာရောက်လက်ခံသွားပါတယ်။

ထိုင်းတရားခံ ၂ ဦးမှာ စိတ်ကြွမူးယစ်ဆေး လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ အသက် ၃၈ နှစ်ရွယ် နိုင်းဖုန်းဖန်း ခေါ် အေ နဲ့ လူသတ်မှု၊ လက်နက်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ အသက် ၃၅ နှစ်ရွယ် နိုင်းချယဖုန်း ဆဲမ်မိုင် ခေါ် အားခုမ်း တို့ဖြစ်ကြောင်း မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံဘက် တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အခြား ထိုင်း ၂ ဦး၊ မြန်မာ ၂ ဦးတို့နဲ့အတူ ပစ္စတိုသေနတ်နဲ့ ကျည်ဆန်တွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးအရေးယူခံထားရတာပါ။

သူတို့ ၂ ဦးဟာ ကျိုင်းတုံအကျဉ်းထောင်မှာ အကျဉ်းချခံထားရပြီး ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တနိုင်ငံလုံးရှိ အကျဉ်းသားတချို့ လွှတ်ပေးလိုက်ရာမှာ အဆိုပါထိုင်းနိုင်ငံသား ၂ ဦးလည်း လွတ်မြောက်လာခဲ့တာလို့ တာချီလိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဌာန ၀က်ဘ်ဆိုက်မှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013