DVB Logo
Home
မြန်မာသတင်း
သမီးမွေးနေ့အတွက် ဘုန်းကြီးကျောင်းကို ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့သည့် နန္ဒာလှိုင် (ဓာတ်ပုံ)
DVB
·
April 19, 2019
သမီးမွေးနေ့အတွက် ဘုန်းကြီးကျောင်းကို ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့သည့် နန္ဒာလှိုင် (ဓာတ်ပုံ)
Donate to DVB

သရုပ်ဆောင်မင်းသမီးတယောက်ဖြစ်တဲ့ နန္ဒာလှိုင်ဟာ ဒီကနေ့ ကျရောက်တဲ့ သမီးဖြစ်သူရဲ့ မွေးနေ့အလှူအဖြစ် ဘုန်းကြီးကျောင်းကို အလှူငွေကျပ် သိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။

ဒီလှူဒါန်းမှုကိုတော့ ဧပြီလ ၁၈ ရက်နေ့က ကျိုက်မရော ဘုရားကြီးကျောင်းတိုက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နန္ဒာလှိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှာ ခုလိုရေး ထားပါတယ်။

“(၁၉.၄.၂၀၁၉) ရက်နေ့တွင် ကျရောက်သော ဦးဇေသီဟ၊ ဒေါ်နန္ဒာလှိုင်တို့၏ သမီးလတ်ရတနာ မဇေရတီလှိုင်၏ မွေးနေ့အလှူဒါနအဖြစ် အလှူတော်ငွေကျပ်သိန်း (၃၀၀) နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။(၁၈.၄.၂၀၁၉)”

၁၉၉၆ ခုနှစ်က စတင်ပြီး မြှားနတ်မောင်ဇာတ်ကားနဲ့ အနုပညာလောကကို ရောက် ရှိလာခဲ့တဲ့ သရုပ်ဆောင်မင်းသမီး နန္ဒာလှိုင်ဟာ ၁၉၉၈ ခုနှစ်မှာ ရွှေနံ့သာစံအိမ်ရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု၊ ၂၀၀၆ ခုနှစ်မှာ တောင်သမန်သစ္စာရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ ၂ ဆု ဆွတ်ခူးရရှိထားခဲ့ပြီး ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သူဟာ လက်ရှိမှာတော့ ခင်ပွန်း၊ သမီး ၃ ယောက်နဲ့အတူ အိမ်ရှင်မတယောက်အဖြစ် နေထိုင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013