DVB Logo
Home
မြန်မာသတင်း
ဖြိုးပြည့်စုံရဲ့ “မပြောဖြစ်လိုက်တဲ့ချစ်စကား” ရုပ်ရှင်ဇာတ်ဝင်တေး နာမည်ကြီးနေ (ရုပ်သံ)
DVB
·
April 19, 2019
ဖြိုးပြည့်စုံရဲ့ “မပြောဖြစ်လိုက်တဲ့ချစ်စကား” ရုပ်ရှင်ဇာတ်ဝင်တေး နာမည်ကြီးနေ (ရုပ်သံ)
Donate to DVB

“မင်းရဲ့ နှလုံးသားထဲက အချစ်တွေကို မသိခဲ့… ထားရစ်ခဲ့လို့ ရက်စက်ပြီး မင်းအတွက်… အိပ်မက်ဆိုးတို့ ပေးခဲ့မိ… ငါ့ဘ၀… ဆိုးရွားရူးမိုက်လွန်းသူပါ… မင်းအကြောင်း တွေးမိတိုင်း ငါနောင်တရ”

ဒါကတော့ လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ရုပ်ရှင်ဇာတ်ဝင် တေးတပုဒ်ဖြစ်ပြီး ပရိသတ်ကြိုက် တေးသံရှင် ဖြိုးပြည့်စုံက သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းရဲ့ နာမည်ကိုတော့ မပြောဖြစ်လိုက်တဲ့ ချစ်စကားလို့ ပေးထားခဲ့တာဖြစ်ပြီး တေးရေး Doe Oh က ရေးစပ်ပေးထားခဲ့တာပါ။

“ပြောင်းလဲပစ်လို့ရရင် အတိတ်များလည်း ကိုယ်အမြဲ အပြောချင်ဆုံးစကားဟာ… တောင်းပန်တယ်… တောင်းပန်တယ်… တောင်းပန်တယ်… အချစ်ဆုံး… ချစ်ပါတယ်… ချစ်နေတယ်… ကိုယ်မပြောဖြစ်တဲ့ စကား… နောက်ကျတဲ့ နောင်တနဲ့… ပြောလိုက်မယ် အချစ်များ အဆုံးတိုင်ပါ… မင်းအတွက်”

ဒီသီချင်းကိုတော့ ခါကာဘိုရာဇီ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တဲ့ တန်ဖိုးအမည်ရတဲ့ ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးအဖြစ် အသုံးပြုထားခဲ့တာဖြစ်ပြီး ဇာတ်ဝင်ခန်းမြင်ကွင်းတွေနဲ့အတူ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ဒါရိုက်တာ ဂျွန်လရော်က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ထွန်းထွန်း၊ အေးမြတ်သူတို့နဲ့အတူ ၀ါရင့်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရန်အောင်၊ ဇင်ဝိုင်း၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော် စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားကို ရုံတင်မယ့်ရက်ကိုတော့ မသိရသေးဘဲ လတ်တလောမှာတော့ ဖြိုးပြည့်စုံရဲ့ တည်ငြိမ်တဲ့ အသံနဲ့ လိုက်ဖက်ညီညီ သီဆိုပေးထားတဲ့ ဇာတ်ဝင်တေးက နာမည်ကြီးနေခဲ့တာပါ။

ဖြိုးပြည့်စုံဟာ ၂၀၁၀ ပြည့်နှစ် The Best Of Melody World ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး တစ,တစ ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူဟာ အွန်လိုင်းပေါ်ကနေတဆင့် သိမ်းထားတဲ့ အချစ်၊ လရိပ်၊ မျှော်နိုင်သမျှ စတဲ့ သီချင်းလေးတွေကို မျှဝေရင်း ပရိသတ်ကြား ရေပန်းစားခဲ့ပြီး တကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။

အဲဒီအယ်လ်ဘမ်နဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖြိုးပြည့်စုံဟာ အတွဲသီချင်း အယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုခဲ့ပြီး ရေပန်း စားခဲ့သူတဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013