DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘူးသီး​တောင်​ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
DVB
·
April 19, 2019
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘူးသီး​တောင်​ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ဧပြီ ၁၉ ရက် မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံတွေ ကြောက်လန့်ကာ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

စံဂိုး​ထောင်​​ကျေးရွာက ထွက်​​ပြေးလာသူ ဦး​မောင်​သာ​ပျော့က "လက်​နက်​ကြီး​တွေ ပစ်ခတ်နေတာက နွားရုံတောင်ကျေးရွာနဲ့ တမိုင်ကျော်လောက်ဝေးကွာတဲ့ ထိပ်ထူးပေါက်ကပါ။ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေလို့ ကြောက်လန့်ကာ ထွက်ပြေးလာကြတာပါ" လို့​ ​ပြောပါတယ်​။

ထွက်​​ပြေးလာကြသူတွေကတော့ ဘူသီး​တောင်​မြို့နယ်​​တောင်​ပိုင်း စံဂိုးထောင်၊ နွားရုံတောင်နဲ့ ချရှားတောင်ကျေးရွာတွေက ကျေးရွာသူရွာသားတွေ ဖြစ်​ကြပါတယ်​။

ဧပြီ ၁၇ ရက်​​နေ့ကလည်း မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာမှာ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကျေးရွာရှိလူများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို သေနတ်​ဒဏ်​ရာ ရခဲ့တဲ့ သားဖနှစ်​ဦးကိုလည်း ဆေးရုံတင်​ထားရတယ်လို့ သိရပါတယ်။

ဧပြီ ၁၈ ရက်​​ ည​နေ ၃ နာရီ ၂၀ လောက်က ​ရ​သေ့​တောင်​မြို့နယ် အငူ​မော်​ ​မောင်​​တောကားလမ်း ​အေးရှားဝေါ ​ဆောက်​လုပ်​​ရေးရုံး လမ်း​ကွေအနီး ​ထိန်းချုပ်မိုင်း ၄ လုံး​ ပေါက်​ကွဲမှုကြောင့် ဒေသခံတွေ အငူ​မော်​​ရွာလုံးကျွတ် ဘုန်းကြီး​ကျောင်းမှာ ​ခိုလှုံခဲ့ကြရပါတယ်​။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးရှောင် ၂ သောင်းခွဲလောက် တိမ်းရှောင်နေကြပါတယ်။

ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ဝေဟင်ကနေ ပစ်ခတ်မှုတွေလည်း ရှိနေတာမို့ ဒေသခံတွေ စိုးရိမ်တကြီး ကြောက်လန့် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013