DVB Logo
Home
မြန်မာသတင်း
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားနေသဖြင့် သတိပြုသွားလာသင့်
DVB
·
April 19, 2019
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားနေသဖြင့် သတိပြုသွားလာသင့်
Donate to DVB

မြန်မာနိုင်ငံရဲ့ လက်ရှိအချိန်ကာလဟာ အပူရှိန်လွန်ကဲပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားနေတဲ့အတွက် သတိပြု သွားလာသင့်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် နေလောင်တာ၊ အသားအရောင် ညိုမည်းလာတာတွေ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလ ကြာလာရင် မျက်စိတိမ်စွဲတာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ ခုခံအားကျဆင်းတာနဲ့ အရေပြားကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။

အပူဒဏ်ကြောင့်လည်း ခေါင်းမူးနောက်တာ၊ ကြွက်တက်တာ၊ ခေါင်းကိုက်နုံးချိတာ၊ ရေဆာပြီး ချွေးအလွန်အကျွံထွက်တာ၊ ခန္ဓာကိုယ်အပူချိန် မြင့်တက်ပြီး အပူဒဏ်ကြောင့် သတိလစ်တာတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် နေ့လယ်နေ့ခင်းအချိန်မှာ အရိပ်ရပြီး အေးတဲ့နေရာမှာ နေထိုင်ဖို့လိုတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။

အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ် ဆိုးကျိုးတွေ မခံစားစေဖို့အတွက် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက် သွားလာလှုပ်ရှားမှု ရှောင်သင့်ပြီး မဖြစ်မနေ သွားလာမယ်ဆိုရင် မျက်နှာ၊ လည်ပင်း၊ ပခုံးကို လုံခြုံတဲ့ ထီး ဦးထုပ်ဆောင်းတာ၊ နေ့လယ်ခင်းမှာ လွင်တီးခေါင်၊ ရေချိုးဆိပ်တွေမှာ ရေချိုးခြင်းရှောင်တာ၊ အရက်သေစာ သောက်စားခြင်း ရှောင်ကြဉ်ဖို့နဲ့ ခန္ဓာကိုယ်အတွင်း ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု မဖြစ်ပေါ်စေဖို့အတွက် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးသင့်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013