DVB Logo
Home
မြန်မာသတင်း
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ မအူပင်တွင် ထပ်မံအမှုဖွင့်ခံရဟုဆို
DVB
·
April 19, 2019
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ မအူပင်တွင် ထပ်မံအမှုဖွင့်ခံရဟုဆို
Donate to DVB

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ လတ်တလော တိမ်းရှောင်နေရပြီး မအူပင်မှာပါ ထပ်မံ အမှုဖွင့်ခံရတဲ့ သတင်းထွက်နေတယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ခေါင်းဆောင်တွေကို သင်္ကြန်ကာလမှာ ဖျော်ဖြေခဲ့တဲ့ သံချပ်စာသားတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ၆၆ (ဃ)၊ ၅၀၅ (က) တို့နဲ့ အမှုဖွင့်ထားတာပါ။

ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ က “ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၅၀၅ (က) နဲ့ စွဲထားတယ်လို့တော့ ကြားထားတယ်။ ကျနော်တို့ဆီကို ခုထိတရားဝင် အကြောင်းကြားတာတော့ မရှိသေးဘူး။ ဒါပေမယ့် ၅၀၅ ရဲ့ သဘောအရတော့ တရားရုံးကို ဦးတိုက်လျှောက်ပြီးပြီ။ ဖမ်းခွင့်ဝရမ်း ချပေးပြီဆိုတာနဲ့ ကြိုက်တဲ့နေရာ ဖမ်းလို့ရပြီခင်ဗျ။ ဖမ်းပြီးတော့မှ အမှုတည်ဆောက်၊ ရုံးတင်၊ အင်းစိန်ပို့ပြီး ရုံးထုတ်ရမှာ ခင်ဗျ။ တရားစွဲထားလား မဆွဲထားလားက ဖမ်းမှ ကျနော်တို့က သိရတော့မှာ။ လောလောဆယ်တော့ ကျနော်တို့ အဖွဲ့ဝင်တွေကို မနေ့ကထိ SB၊ စအဖ က တောက်လျှောက် အလိုက်ခံနေရတဲ့ သဘောရှိနေတော့ ခဏတော့ တိမ်းရှောင်နေရတဲ့ သဘောပါ။ လောလောဆယ် ဘယ်သူမှတော့ အဖမ်းမခံရသေးပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ဒေါင်းတို့မျိုးဆက် သံချပ်ခေါင်းဆောင်တွေကို မအူပင်မှာလည်း အမှုဖွင့်ခံထားရကြောင်းကြားရတယ်လို့ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ က ပြောပါတယ်။

“ကျနော်မိတ်ဆွေတွေက သတင်းပေးတာပါ။ ကျနော်တို့ ဧရာဝတီဘက်ကိုလည်း သွားခဲ့တော့ မအူပင်မှာလည်း အမှုဖွင့်ခံတယ်လို့ ကြားတယ်။ ဘာနဲ့ဆွဲထားမှန်း မသိသေးဘူး။ သေချာတာတော့ တရားလိုက စစ်တပ်ကပဲ ဖြစ်မှာပါ” လို့  ဆိုပါတယ်။

နိုင်​ငံ​တော်​အကြည်​ညိုပျ​က်​​စေမှုနဲ့ ဖမ်းဝရမ်းထုတ်​ခံထားရ​တဲ့ ​ဒေါင်းတို့မျိုးဆက်​ သံချပ်​အဖွဲ့မှ မ​ကေခိုင်​ထွန်း​ဟာ​ ဒီနေ့​မွန်းတည့်​ ၁၂ နာရီလောက်က ဟယ်လ်ပင်လမ်းရှိ ကလေး​ဆေးရုံမှာ ​ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013