DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပထမအကြိမ်ရုံးထုက်
DVB
·
April 19, 2019
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပထမအကြိမ်ရုံးထုက်
Donate to DVB

ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)/(ခ)  နဲ့ တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို တိုက်ကြီးမြို့နယ်တရားရုံးမှာ ဧပြီ ၁၉ ရက် မနက်က ပထမဆုံးအကြိမ်  ရုံးထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က အဖျောက်မြို့မှာကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ ကိုနေရဲ (ခ) ကိုနန္နအောင်တို့က၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဟောပြောခဲ့ပါတယ်။

ဦးနေမျိုးဇင်က တပ်မတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဟောပြောခဲ့တာကြောင့် တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဒုဗိုလ်မှူးကြီးတိုးလွင်က ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)/(ခ)  နဲ့ အမှုဖွင့် တရားစွဲခဲ့တာပါ။

ဦးနေမျိုးဇင်က “ကျနော် အဖျောက်ကိုရောက်တဲ့အချိန် အဖျောက်မြို့ သံတန်စောင်း ဘုန်းတော်ကြီးကျောင်းကို တပ်မတော်အရာရှိကြီးတဦးက လာရောက်ပြုပြင်ထားတာ သူရတဲ့လစာနဲ့ ဘယ်လိုပြုပြင်လဲလို့ မေးတော့ ပြည်သူတွေက ခိုးတာလို့ ပြန်ဖြေတာကို ကျနော်က ‘ခါဒိုး ခါဒိုး’ လို ပြောခဲ့တာပဲရှိတယ်။ ကျန်တာတော့ တပ်မတော်ကို ကောင်းစားစေချင်တဲ့စိတ်၊ ပြောင်းလဲစေချင်တဲ့စိတ်နဲ့ ပြောခဲ့တာပဲရှိတယ်။ အာမခံကိစ္စကတော့ ဦးရောဘတ်စန်းအောင်က ဆက်လုပ်သွားမှာပါ။ ကျနော့်အနေနဲ့ အာမခံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လုပ်စရာရှိတာဆက်လုပ်သွားမှာပါ” လို့ တရားရုံးထဲ မ၀င်ရောက်မီ ပြောပါတယ်။

ဒီနေ့ ဦးနေမျိုးဇင် ရုံးထုတ်တာကို တိုက်ကြီးနဲ့ အဖျောက်မြို့တွေက လူ ၃၀ ကျော် လာရောက်ဝန်းရံခဲ့ကြပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဟာ အာမခံရနိုင်တဲ့ ပုဒ်မဖြစ်ပြီး အမြင်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013