DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ထွက် နနွင်းများ ဈေးကောင်းပေးဝယ်ယူနေ၊ စံချိန်စံညွှန်းမီ စိုက်ပျိုးကြရန် တိုက်တွန်း
DVB
·
April 18, 2019
ကရင်ပြည်နယ်ထွက် နနွင်းများ ဈေးကောင်းပေးဝယ်ယူနေ၊ စံချိန်စံညွှန်းမီ စိုက်ပျိုးကြရန် တိုက်တွန်း
Donate to DVB

ကရင်ပြည်နယ်ကထွက်ရှိတဲ့ နနွင်းတွေကို ဈေးကောင်းပေးဝယ်ယူနေတဲ့အတွက် တောင်သူတွေအနေနဲ့ နည်းစနစ်မှန်မှန်နဲ့ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် စိုက်ပျိုး ထုတ်လုပ်ကြဖို့ ဒုတိယပြည်နယ်ဦးစီးမှူးက တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၁၈ ရက်၊ မနက်ပိုင်းက ဘားအံမြို့၊ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ တောင်သူလယ်သမား ဈေးကွက်အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်က “တောင်သူတွေကို နည်းစနစ်မှန်မှန်နဲ့ စိုက်စေချင်တယ်။ ဒီလိုစိုက်မှလည်း ကိုယ်ရဲ့စိုက်ပျိုး ထုတ်လုပ်လိုက်တဲ့ ထွက်ကုန်သီးနှံတွေက ဈေးကွက်မှာ ဈေးကောင်းရတယ်ဆိုတာပါ သိစေချင်တယ်။ စိုက်ပျိုးထုတ်လုပ်ကျဖို့ တိုက်တွန်းချင်တယ်” လို့ ပြောပါတယ်။

ဘားအံမြို့၊ ပရဆေးဆိုင်ရာနည်းပညာသင်တန်းကျောင်း၊ စီမံတာဝန်ခံ ဦးစောအယ်ဆူးခိုင် က “ကျနော်တို့ကတော့ ဈေးကွက်လိုအပ်ချက်၊ ကုန်ကြမ်းပစ္စည်း လိုအပ်ချက်အတိုင်း သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းပြည့်မီသီးနှံတွေကို ဈေးကောင်းပေးဝယ်ယူသွားမှာ” လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ ပရဆေးပင်များဆိုင်ရာ နည်းပညာသင်တန်းကျောင်း Nippon Foundation (Japan) က ဈေးကွက်လိုအပ်ချက်အရ သတ်မှတ်စံချိန်စံညွှန်အတိုင်း ဈေးကောင်း ပေးဝယ်ယူရာမှာ နနွင်း ၁ ပိသာကို ၈၂၀ ကျပ် ပေးဝယ်ယူတာပါ။

တောင်သူတွေအနေနဲ့ ပြည်တွင်း ကုန်သည်နဲ့ ထိုင်းနိုင်ငံဈေးကွက်ကို အဓိကထား ရောင်းချနေရတာဖြစ်ပြီး ရောင်းချရာမှာ ၅၀၀ ကျပ်ဝန်းကျင်ဈေးနဲ့ ရောင်းချနေရတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေက ထွက်ရှိတဲ့ နနွင်းအပြင်၊ မျောက်ဥ၊ ၀ဥ၊ ချဉ်ပေါင်ဖာလာတွေကိုပါ ၀ယ်ယူနေတာပါ။

အခုလိုဝယ်ယူရာမှာလည်း သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းပြည့်မီအောင် စိုက်ပျိုးထားတဲ့ သီးနှံအမျိုးအစားနဲ့ မြေနမူနာတွေကို စစ်ဆေးတိုင်းတာပြီး ကိုက်ညီမှုရှိတဲ့ ထွက်ကုန်တွေကို ကုန်ပစ္စည်းလိုအပ်ချက်အတိုင်း ဈေးကောင်းပေး ၀ယ်ယူတာဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013