DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၉၁၄ ဦးရောက်ရှိ၊ ၆ ဦးသေဆုံး
DVB
·
April 18, 2019
သင်္ကြန်ကာလ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၉၁၄ ဦးရောက်ရှိ၊ ၆ ဦးသေဆုံး
1 / 3
Donate to DVB

သင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို လူနာ ၉၁၄ ဦး ရောက်ရှိလာခဲ့ပြီး သေဆုံးသူ ၆ ဦးရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်က ပြောပါတယ်။

အရေးပေါ်ဌာနကို ရောက်ရှိလာသူအများစုမှာ ယာဉ်မတော်တဆမှုကြောင့် ရောက်ရှိ လာသူတွေဖြစ်ပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုနဲ့ တခြား မတော်တဆ ထိခိုက်မှုတွေကြောင့် ရောက်ရှိလာသူတွေ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူနာအယောက် ၃၀၀ ကျော်ကတော့ အတွင်းလူနာအနေနဲ့ ဆေးရုံတက်ပြီး ကုသခံနေရတာပါ။

မနှစ်က မဟာသင်္ကြန်ကာလမှာတော့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာဦးရေ ၈၃၀ ရှိခဲ့ပြီး သေဆုံးသူ ၁၈ ဦး ရှိခဲ့ပါတယ်။

သင်္ကြန်ကာလအတွင်း မြန်မာတနိုင်ငံလုံးမှာ လူ ၁၀၀၀ ကျော် ဒဏ်ရာရပြီး သေဆုံးသူ ၂၈၈ ဦး ရှိတယ်လို့  အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီအထဲကတော့ မူးယစ်သောက်စား အပျော်ကျူးလွန်တာ၊ ယာဉ်စည်းကမ်းမဲ့ မောင်းနှင်တာနဲ့ ခိုက်ရန်ဖြစ်ပွားတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013