DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ် ဖျက်ဆီး၊ ဆန်စပါးအသင်း စုံစမ်းဖော်ထုတ်မည်
DVB
·
April 18, 2019
မြန်မာ့ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ် ဖျက်ဆီး၊ ဆန်စပါးအသင်း စုံစမ်းဖော်ထုတ်မည်
1 / 3
Donate to DVB

လူတွေစားသုံးဖို့ မသင့်တဲ့ အန္တရာယ်ရှိတဲ့ မြန်မာ့ဆန် တန်ချိန် ၁၈၀၀၀ လောက်ကို အိုင်ဗရီကို့စ်နိုင်ငံ အာဏာပိုင်တွေက ဧပြီ ၁၇ ရက်မှာ ဖျက်ဆီးပစ်ခဲ့တယ်လို့ ဘီဘီစီအာဖရိက သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

    မြန်မာနိုင်ငံထွက် ဒီဆန်တွေကို ရေကြောင်းနဲ့ တင်သွင်းလာခဲ့တာဖြစ်ပြီး အာဖရိ ကနိုင်ငံတွေဖြစ်ကြတဲ့ ဂါနာ၊ ဂီနီနဲ့ တိုဂိုစတဲ့နိုင်ငံတွေက ငြင်းပယ်ခဲ့ပြီးနောက် အိုင်ဗရီ ကို့စ်နိုင်ငံကို ရောက်လာခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက်တော့ အိုင်ဗရီကို့စ်နိုင်ငံမြို့တော် အဘစ်ဒ်ဂျန်ကို ပို့ခဲ့ပြီး အရည်အ သွေးစစ်ဆေးခဲ့ရာကနေ အရည်အသွေးမမီဘဲ စားသုံးဖို့ မသင့်ကြောင်း တွေ့ရှိခဲ့ရတာဖြစ် တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ စားသုံးဖို့ မသင့်တဲ့ ဒီဆန်တွေကို ကုန်တင်ကားတွေနဲ့ သယ်သွားပြီး မြေဖို့တဲ့ နေရာမှာ သွန်ပစ်ခဲ့ကြတာပါ။

အာဖရိကနိုင်ငံတွေမှာ ဆန်ကို အဓိကထား စားသုံးကြတာဖြစ်ပြီး ဒေသတွင်းစိုက် ပျိုးထုတ်လုပ်မှုကနေ မလုံလောက်တာမို့ ပြည်ပကနေ တင်သွင်းရတာဖြစ်ပါတယ်။

အဲဒီလိုတင်သွင်းတဲ့ နေရာမှာလည်း ဆိပ်ကမ်းတာဝန်ကျ အရာရှိတွေရဲ့ အဂတိ လိုက်စားမှုတွေကြောင့် ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးမှုနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ပြ ဿနာတွေ ကြုံတွေ့နေရတာလို့ ဆိုပါတယ်။

ဒီသတင်းကြောင့် မြန်မာဆန်ပြည်ပတင်ပို့မှုဈေးကွက်မှာ ကြီးမာစွာသက်ရောက်မှု ရှိတဲ့အတွက်  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အခြေအနေ မှန်ကို စုံစမ်းဖော်ထုတ်ပြီးတော့ အချက်အလက်ပြည့်စုံစွာ သတင်းထုတ်ပြန်သွားမယ်လို့ အသင်းရဲ့ အတွင်းရေးမှူး ဦးရဲမင်းအောင်က  သူ့ရဲ့ လူမှုကွန်ရက် တဆင့် အသိပေးဖော်ပြခဲ့ပါတယ်။

အာဖရိကဈေးကွက်ဟာ ယှဉ်ပြိုင်မှု အလွန်ပြင်းထန်ပြီး ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတွေက ဆန်တင်သွင်းတဲ့ ကုမ္မဏီတွေ နဲ့ မြန်မာ၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေက တင်သွင်းသူတွေကြားမှာ ပြင်းထန်စွာ ယှဉ်ပြိုင် လေ့ရှိတာမို့  မူရင်းသတင်းတင်ပြတဲ့ ဘီဘီစီသတင်းထောက်၊ ထပ်ဆင့် တင်ပြတဲ့ အာဖရိကန်နယူးစ် အေဂျင်စီတို့ကိုလည်း ဆက်သွယ်ထားကြောင်း၊ အဆိုပါ သင်္ဘောအတွက် ဆန်ရောင်းပေးတဲ့ ပြည်တွင်းကုမ္ပဏီတွေကိုလည်း စုံစမ်းနေကြောင်း ရေးသားထားပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၊ မတ်လဆန်းအထိ မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၂ သန်းကျော် တင်ပို့ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ -Africanews/ BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013