DVB Logo
Home
မြန်မာသတင်း
ပေါက်တွင် လေပြင်းတိုက်ခိုက်၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး
DVB
·
April 18, 2019
ပေါက်တွင် လေပြင်းတိုက်ခိုက်၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး
1 / 11
Donate to DVB

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဧပြီ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ ၁၁ ရွာမှ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအ၀င် နေအိမ် အဆောက်အဦ ၁၁၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ​ပေါက်​မြို့နယ် ​အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်​။

ကျေးရွာ ၁၁ ရှိ လူနေအိမ် ၄ လုံး ပြိုကျတာ၊ စာသင်ကျောင်းဝန်းရှိ ပင်မ စာသင်ဆောင် နဲ့ ဆရာမတွေ နေအိမ် ၆ လုံး အမိုးလန်ပျက်စီးပြီး ဘုန်းကြီးကျောင်း ၄ ကျောင်း အမိုးလန်ပျက်စီးတာ နဲ့ လူနေအိမ်အဆောက်ဦ ၉၉ လုံး သွပ်မိုး၊ ထရံကာတွေ ပျက်စီးဆုံးရှုံးခဲ့​တာပါ။

လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ လင်တောင်၊ မျှားပိုင်၊ ခင်အေး၊ လေးပင်အိုင့်၊ မြေနီ(မ)၊ ပေါက်ချောင်း(ထ)စု၊ ခင်တန်းရှည်၊ သရက်တော၊ ဆပန်၊ မိုးကောင်း၊ ရွှေဘုံသာ၊ ပင်လောင်၊ ကျောက်တံခါး၊ ရွှေဘုံသာ စတဲ့ကျေးရွာတွေနဲ့ ကျောက်မဲတောင် တောတဲတိုက်တွေက အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၁၀ လောက် ရှိတယ်​လို့ သိရပါတယ်​။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေ ဦးဆောင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်​လို့သိရပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013