DVB Logo
Home
မြန်မာသတင်း
မြန်မာ့ သတင်းလွတ်လပ်ခွင့် အဆင့် ၁ ဆင့် ထပ်မံကျဆင်း
DVB
·
April 18, 2019
မြန်မာ့ သတင်းလွတ်လပ်ခွင့် အဆင့် ၁ ဆင့် ထပ်မံကျဆင်း
Donate to DVB

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့နှစ်ကထက် အဆင့် တဆင့် ကျဆင်းသွား တယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ဧပြီ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ကမ္ဘာတ၀န်း သတင်းလွတ်လပ်ခွင့်အခြေအနေကို RSF အဖွဲ့က နှစ်စဉ် စောင့်ကြည့် ထုတ်ပြန်လိုက်တဲ့ ၂၀၁၉ သတင်းလွတ်လပ်ခွင့်ညွန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာကအဆင့် ၁၃၈ မှာ ရပ်တည်နေပြီး  ၂၀၁၈ခုနှစ်တုန်းကရှိခဲ့တဲ့ အဆင့် ၁၃၇ ထက် တဆင့် လျော့ချသတ်မှတ်ခံရတာပါ။

အန်အယ်လ်ဒီအစိုးရ စတက်လာတဲ့ ၂၀၁၆ နှစ်တုန်းကတော့  မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့် ၁၄၃ ရှိရာကနေ ၂၀၁၇ခုနှစ်မှာ အဆင့် ၁၂ ဆင့် ခုန်တက်လာခဲ့ပြီး  အဆင့် ၁၃၁ ထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ခုအစိုးရသက်တမ်း ၃ နှစ်အကြာမှာ ၇ဆင့် ပြန် ကျသွားတာပါ။

၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအောင်ပွဲခံပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ မြန်မာသတင်းသမားတွေဟာ အစိုးနဲ့ စစ်တပ်ကို ဝေဖန်တဲ့အတွက် ဘယ်တော့မှာ ဖမ်းဆီး ထောင်ချခံရမှာ မဟုတ်တော့ဘူးလို့ မျှော်လင့်ခဲ့ကြပေမယ့် မီဒီယာ လွတ်လပ်ခွင့်ဟာ အစိုးရရဲ့ ဦးစားပေး မဟုတ်ခဲ့ဘူးလို့  RSF ကဆိုပါတယ်။

၂၀၁၃ ကနေ ၂၀၁၇ အထိ  ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွန်းကိန်းမှာ မြန်မာဟာ အဆင့် ၂၀ တက်လာခဲ့ပေမယ့် ခုတော့ပြန်ကျဆင်းသွားတဲ့အကြောင်းနဲ့ အကြီးမားဆုံးဖြစ်ရပ်ကတော့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၈ စက်တင်ဘာလက ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တာပဲလို့ ဆိုတယ်။

မြန်မာသတင်းမီဒီယာတွေဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးမပြုဖို့  တရားဝင် တားဆီး ကန့်သတ်ခံထားရပြီး သုံးတဲ့ မီဒီယာလုပ်ငန်းတချို့ ရပ်ဆိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်    သတင်းသမားတွေဟာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံရတာ ရှိသလို ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေဟာ သူတို့ရဲ့ အလုပ်နဲ့ ဆက်နွှယ်ပြီး  ရာဇ၀တ်မှုနဲ့ တရားစွဲခံရ တာတွေရှိတယ်လို့လည်းဆိုပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ အရှေ့တီမောက ၈၄ အဆင့်၊  မလေးရှားက ၁၂၃၊ အင်ဒိုနီးရှားက ၁၂၄၊ ဖိလစ်ပိုင်က ၁၃၄၊ ထိုင်းက ၁၃၆  နဲ့ မြန်မာရဲ့အထက်မှာရှိနေပြီး ကမ္ဘောဒီးယားက အဆင့် ၁၄၃၊ စင်ကာပူက ၁၅၁ ၊ ဘရူနိုင်းက ၁၅၂ ၊ လာအိုက ၁၇၁၊ ဗီယက်နမ်က ၁၇၆ နဲ့ မြန်မာနိုင်ငံရဲ့ အောက်မှာ အသီးသီးရပ်တည်နေပါတယ်။

ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့်အမြင့်ဆုံး ၅နိုင်ငံကတော့ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်နဲ့ ဒိန်းမတ်နိုင်ငံတို့ ဖြစ်ကြပြီး သတင်းလွတ်လပ်ခွင့် အနိမ့်ဆုံး ၅ နိုင်ငံကတော့ တတ်ခ်မင်စ္စတန်၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013