DVB Logo
Home
မြန်မာသတင်း
နှစ်သစ်မှာ အိမ်သာဆေးပြီး ကုသိုလ်ယူခဲ့သည့် အကယ်ဒမီ အေးမြတ်သူ (ဓာတ်ပုံ)
DVB
·
April 18, 2019
နှစ်သစ်မှာ အိမ်သာဆေးပြီး ကုသိုလ်ယူခဲ့သည့် အကယ်ဒမီ အေးမြတ်သူ (ဓာတ်ပုံ)
1 / 4
Donate to DVB

သိပ်မကြာခင်ကမှ အကယ်ဒမီဆု ပူပူနွေးနွေးရရှိထားတဲ့ မင်းသမီး အေးမြတ်သူ ကတော့ အတာသင်္ကြန်အပြီး နှစ်သစ်မှာ အိမ်သာဆေးကုသိုလ်ယူခဲ့ပါတယ်။

သူဟာ ရိုးရှင်းတဲ့ ဟန်ပန်အမူအရာတွေ၊ ၀တ်စားဆင်ယင်မှုတွေ၊ ပရဟိတအလုပ် တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေကို ရရှိထားတဲ့ အနုပညာရှင် တဦးလည်း ဖြစ်ပါတယ်။

သင်္ကြန်ကာလအတွင်းမှာလည်း မြန်မာဆန်ဆန် ရိုးရှင်းလှပတဲ့ ၀တ်စုံတွေနဲ့ ရေ ကစားတဲ့ ပုံရိပ်တွေဟာလည်း ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့တာပါ။

နှစ်ဆန်းတရက်နေ့မှာ အိမ်သာဆေးကုသိုလ်ယူနေတဲ့ အေးမြတ်သူနဲ့ သူ့အဖွဲ့တွေရဲ့ ပုံရိပ်မှတ်တမ်းတွေကိုတော့ အေးမြတ်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ခုလိုရည်ညွှန်းရေးသားထားခဲ့တာ ဖြစ်ပါတယ်။

“တနှစ်ပတ်လုံး ဖြစ်တည်ခဲ့တဲ့ စိတ်အညစ်အကြေးတွေနဲ့ ၁၃၈၁ ပြည့်ပတ်လုံး ဖြစ်တည်လာမယ့် စိတ်အညစ်အကြေးတွေကို ဆေးကြောခဲ့တယ်… နောင်ဖြစ်တည်လာမယ့် စွန်းထေးညစ်ပေမှုတွေလည်း ခုဆေးကြောသန့်စင်မှုတွေနဲ့ ပါသွားရပါလို၏… 🙏🙏🙏”

ဒီဓာတ်ပုံတွေရဲ့ အောက်မှာတော့ သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက သာဓုခေါ် ချီးကျုးအားပေးခဲ့ကြပြီး မှတ်ချက်တွေ ရေးနေခဲ့ကြတာကို တွေ့ရပါတယ်။

အေးမြတ်သူဟာ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးသမီးဇာတ်ပို့ ဆုကို နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ကားနဲ့ ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013