DVB Logo
Home
မြန်မာသတင်း
၂၀၁၉ သင်္ကြန်တွင် မြန်မာနိုင်ငံတ၀န်း လူ ၂၈၈ ဦးသေဆုံး၊  ၁၀၀၀ ကျော် ဒဏ်ရာရ
DVB
·
April 18, 2019
၂၀၁၉ သင်္ကြန်တွင် မြန်မာနိုင်ငံတ၀န်း လူ ၂၈၈ ဦးသေဆုံး၊  ၁၀၀၀ ကျော် ဒဏ်ရာရ
Donate to DVB

၂၀၁၉ခုနှစ် သင်္ကြန်ကာလအတွင်း မြန်မာတနိုင်ငံလုံးမှာ လူပေါင်း ၂၈၈ ဦးသေဆုံးပြီး  ၁၀၀၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

သင်္ကြန်အကြိုနေ့ကနေ သင်္ကြန်အတက်နေ့အထိ ကာလအတွင်း ရေပက်ကစား လည်ပတ်ကြရာက မူးယစ်သောက်စား အပျော်လွန်ကျူး၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ ခိုက်ရန်ဖြစ်ပွားမှု အပါအဝင် နိုင်ငံတ၀န်း မှုခင်းဖြစ်ပွားမှု အခြေအနေကို ထုတ်ပြန်လိုက်တာပါ။

သင်္ကြန်နဲ့ တိုက်ရိုက်ပတ်သက်ပြီး သေဆုံးသူ စုစုပေါင်း လူသတ်မှု ၇ မှု ( ၇ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ)၊ ယာဉ်တိုက်မှု ၂၁ မှု ( ၈ ဦး သေဆုံး၊ ၆၉ ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၃၆ မှု (၅၇ ဦး ဒဏ်ရာရ)၊ ခိုးမှု ၂ မှု၊ ရေနစ်သေဆုံးမှု ၁၄ မှု (၁၄ ဦး သေဆုံး) ရှိခဲ့တယ်လို့ သိရပါတယ်။

ဖော်ပြပါသင်္ကြန်နဲ့ ပတ်သက်တဲ့ ပြစ်မှုများဖြစ်ပွားမှုတွေဟာ  တိုင်းဒေသကြီး/ ပြည်နယ် (၁၁)ခု မှာသာ ဖြစ်ပွားခဲ့တာလို့လည်းဆိုပါတယ်။ သေဆုံးမှုအများဆုံးဒေသတွေကတော့ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော်မှာ ဖြစ်ပါတယ်။

ဒါ့အပြင်သင်္ကြန်ပွဲတော်နဲ့ ပတ်သက်မှု မရှိဘဲ သီးခြား အနေနဲ့  တနိုင်ငံလုံး အတိုင်းအတာအရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ စုစုပေါင်း လူသတ်မှု ၃၀ (၃၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ)၊ ယာဉ်တိုက်မှု ၃၃၉ မှု (၁၁၅ ဦး သေဆုံး၊ ၇၂၈ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၁၀၅ မှု (၁၄၄ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှုအပါအဝင် သေမှုသေခင်း ၁၁၀ (၁၁၃ ဦးသေဆုံး)၊ ခိုးမှု ၃၆ မှု ဖြစ်ပွားခဲ့တယ်လို့လည်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

သင်္ကြန်တွင်း ဘေးအန္တရာယ်ဖြစ်စေ နိုင်တဲ့ တုတ်၊ ဓားမျိုးစုံ၊ လေးခွ၊ ချိန်းကြိုး/သံကြိုး၊ ဝက်အူလှည့်၊ ကတ်ကြေး၊ သံလက်သီး၊ စကေဘာ စုစုပေါင်း ၄၂၇ ခု၊ အရက်/ ဘီယာပုလင်း မျိုးစုံ ၅၇၁၇၉ ပုလင်း၊ ကာမရာဂ စိတ်ကြွ ဆေးတွေဖြစ်တဲ့ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေး၊ ဖျန်းဆေးမျိုးစုံ ၆၂၅ ဘူး၊ ဆေးလုံး ၂၃၉၂ လုံး၊ ဆေးကတ် ၃၃၆ ကတ်နဲ့ ထိုးဆေး ၂ ပုလင်းတို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး လူပေါင်း ၂၇၉၇ ဦးကို ထိမ်းသိမ်းခဲ့ကာ  ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် သင်္ကြန်ကာလမှာတော့ ယာဉ်မတော်တဆမှု ၃၁၇မှု၊ ဒဏ်ရာရ ၁ဝ၆ဦးနဲ့ သေဆုံးသူ ၆၄၂ ဦး ရှိခဲ့တယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဧပြီ ၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေးမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013