DVB Logo
Home
မြန်မာသတင်း
သံတောင်ကြီးတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များ ထောက်ပံ့ငွေ အပြည့်အ၀မရရှိ
DVB
·
April 18, 2019
သံတောင်ကြီးတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များ ထောက်ပံ့ငွေ အပြည့်အ၀မရရှိ
Donate to DVB

နိုင်ငံတော်က ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးမြှင့်တင်ဖို့ ထောက်ပံ့ပေးအပ်တဲ့ငွေတွေ သံတောင်ကြီးမြို့နယ်က တချို့ကျေးရွာတွေမှာ အပြည့်အ၀ မရရှိဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေ၀င်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင်အောက်ကျေးရွာအုပ်စုနဲ့ ရှမ်းလယ်ပြင်ကြီး ကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေမှာ နိုင်ငံတော်ကထောက်ပံ့ငွေ တဦးကို ၁၅၀၀၀ ကျပ်၊ ၃ လစာ ၄၅၀၀၀ ကျပ်ကို အပြည့်အ၀မရရှိသလို ကျန်ကျေးရွာတွေမှာလည်း အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက်၂ နှစ်အောက်ကလေးငယ်တွေကို စာရင်းကောက်ယူရာမှာ ကျန်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

သံတောင်ကြီးမြိုနယ်၊ မဲဆန္ဒနယ် အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေ၀င်းမြင့်က “ရရှိတဲ့ထောက်ပံ့ကြေးတွေကို ကွင်းဆင်းလေ့လာတဲ့အခါ တချိုလူတွေက နာမည်စာရင်းမပါတာလည်း ပါတယ်။ ကိုယ်ဝန်သည်မိခင်တွေ နာမည်စာရင်း တင်တဲ့အပေါ်မှာလည်း ရရှိခံစားရတဲ့ အခကြေးငွေက နည်းပါးတယ်။ ရတဲ့ ပြည်သူတွေဆီက သိရတာ” လို့ ပြောပါတယ်။

သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင်အောက်ကျေးရွာ ဒေါ်ဂျဲဌေးက “ခံစားခွင့် အတိအကျ ကို ကျမတို့က ပေးခံစားစေချင်တာပေါ့။ အဲလိုမျိုး မသိနားမလည်တဲ့ ပြည်သူတော်တော်များများ ရှိတော့ သူတို့ခံစားခွင့်ကို ရသင့်ရထိုက်တွေကို မရတာလည်း တော်တော်များများရှိတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက “၀န်ကြီးချုပ်က တာဝန်ရှိတဲ့သူတွေကို ရသင့်ရထိုက်တဲ့သူတွေရအောင် လမ်းညွှန်မှာကြားထားတယ်။ လောလောဆယ် ကျနော်တို့ဆီကို ပြည်သူတွေက တိုင်ကြားလာတာတော့ မရှိသေးဘူး” လို့ ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု လျော့ချနိုင်ဖို့၊ ကျန်းမာရေးစစ်ဆေးမှုခံယူနိုင်ဖို့၊ ကလေးငယ် တွေ အာဟာရချိုတဲ့မှုကနေ လျော့ချနိုင်ဖို့၊ မိခင်ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးငယ်တွေ စံချိန်မီ အတွေးအခေါ်၊ ဉာဏ်ရည်တွေပြည့်မီစွာ မွေးဖွားလာနိုင်ဖို့အတွက်ရည်ရွယ်ပြီး နိုင်ငံတော်က ထောက်ပံ့ငွေ ပေးအပ်တာပါ။

နိုင်ငံတော်က ထောက်ပံ့ပေးအပ်တဲ့ငွေတွေကို တာဝန်ရှိသူတွေက ပြည့်ပြည့်၀၀ ပြန်လည် မပေးအပ်ရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာပြုလုပ်တဲ့ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားမှာ ကရင်ပြည်နယ် ၀န်ကြီးချုပ်က ပြောဆိုထားပေမယ့် အခုလို့ ပြည့်ပြည့်၀၀ ပြန်လည်မပေးအပ်တာတွေလည်း ရှိနေတာပါ။

ကရင်ပြည်နယ် တခုလုံးအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက် ကလေး ၁ သိန်း ၉ သောင်းကျော်အတွက် ပထမ ၃ လတာအတွက် ကျပ်သိန်းပေါင်း ၇၃၀၀ ကျော် ထောက်ပံ့ပေးအပခဲ့ပြီးဖြစ်သလို တနှစ်စာအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၃ သောင်းကျော် ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013