DVB Logo
Home
မြန်မာသတင်း
မြိတ်နှင့်တနင်္သာရီတွင် အကျဉ်းသား ၃၂၉ ဦး သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာ
DVB
·
April 18, 2019
မြိတ်နှင့်တနင်္သာရီတွင် အကျဉ်းသား ၃၂၉ ဦး သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာ
1 / 4
Donate to DVB

မြန်မာ့နှစ်သစ်ကူး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ မြိတ်နဲ့ တနင်္သာရီမြို့နယ်မှာ အကျဉ်းသား  ၃၂၉ ဦး ပြန်လွတ်မြောက်လာပါတယ်။

မြိတ်မြို့နယ်ရှိ မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင်ကုန်ထုတ် အကျဉ်းစခန်းနဲ့ တနင်္သာရီမြို့နယ်ရှိ ရေဖြူ (ထုံခါ)အကျဉ်း စခန်းတွေကနေ အကျဉ်းသူ/သားပေါင်း ၃၂၉ ဦးကို  ဧပြီလ ၁၇ ရက်က လွှတ်ပေးလိုက်တယ်လို့ အကျဉ်းဦးစီးဌာနက သိရပါတယ်။

မြိတ်အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွန်ကြားရေးမှူး အောင်ဆန်းလင်းက "မြိတ်အကျဉ်းထောင်မှာ အကျဉ်းသား ၁၄၉ ဦး၊ အကျဉ်းသူ ၃၇ ဦးစုစုပေါင်း ၁၈၆ ဦးလွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နှစ်သစ်ကူးအခါသမယမှာ မိသားစုပြန်လည်တွေ့ဆုံစေဖို့ ပြည်သူလူထုစိတ် အေးချမ်းသာစေဖို့အတွက်ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရုံးရဲ့ ၁၃ / ၂၀၁၉ အရ လွတ်ငြိမ်းခွင့်ပေး ခြင်းဖြစ်ပါတယ်"လို့ ပြောပါတယ်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ/သား ၉၅၃၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သမ္မတရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။

သတင်း- မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013