DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် စသုံးလုံး ညွှန်မှူး နေအိမ် ဖောက်ထွင်းခံရ၊ ကျပ် သိန်း ၄၇၀ ကျော်ဖိုး ပါသွား
DVB
·
April 17, 2019
မွန်ပြည်နယ် စသုံးလုံး ညွှန်မှူး နေအိမ် ဖောက်ထွင်းခံရ၊ ကျပ် သိန်း ၄၇၀ ကျော်ဖိုး ပါသွား
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ တောင်ရိုးတန်းလမ်းပေါ်ရှိ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်းရဲ့ နေအိမ် ဧပြီ ၁၅ ရက် ညနေပိုင်းက ဖောက်ထွင်းခံခဲ့ရတယ်လို့ မော်လမြိုင် မုပွန်နယ်မြေရဲစခန်း စခန်းမှူး ဒုရဲမှူး သန့်ဇင်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ညွှန်ကြားရေးမှူးရဲ့ ဇနီးနဲ့ မိသားစုဝင်တို့ မော်လမြိုင် ရွှေတောင်ကုန်းဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် နေအိမ် ဖောက်ထွင်းခံရပြီး၊ ရွှေထည်ပစ္စည်းနဲ့ ငွေစက္ကူတွေပါ ဖောက်ထွင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖောက်ထွင်းခံရမှုကြောင့် နေအိမ်ရှိ ရွှေ ငွေ နဲ့ လက်ဝတ်ရတနာတွေအပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၄၇၀ ကျပ်ခန့် ပျောက်ဆုံးသွားခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် ဧပြီ ၁၆ ရက် နေ့လယ် ၁၂ နာရီမှာ စသုံးလုံး ညွှန်မှူးရဲ့ တပည့်ဖြစ်သူ ဦးသက်ခိုင်ဦးက တရားလို ပြုလုပ်ပြီး၊ နေအိမ်ဖောက်ထွင်းမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၄ အရ မော်လမြိုင် မုပွန်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

လက်ရှိမှာတော့ ဖောက်ထွင်းခဲ့သူကို ဖမ်းဆီးရမိရေးအတွက် လိုက်လံ စုံစမ်းစစ်ဆေး နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013