DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း အရက်မူးပြီး ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာ ဓားဖြင့် ထိုးသတ်
DVB
·
April 17, 2019
သင်္ကြန်တွင်း အရက်မူးပြီး ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာ ဓားဖြင့် ထိုးသတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်ညမှာ အရက်သေစာသောက်စားပြီး စကားများ ရန်ဖြစ်ရာ ညီဖြစ်သူက အစ်ကိုဖြစ်သကို ဓားနဲ့ ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ နဘားကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

နဘားကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီဝင်း က “အောင်သပြေရပ်ကွက်နေ ရာကျော်နဲ့ နေလင်းထွန်းတို့ ညီအစ်ကိုနှစ်ဦး အရက်သေစာသောက်စားပြီး ရန်ဖြစ်ရာ ညီဖြစ်သူ နေလင်းထွန်းက ရာကျော်ကို ဓားဖြင့်ထိုးရာ သေဆုံးခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။

ကိုရာကျော်ရဲ့  ဝဲဘက်ရင်ညွန့်အောက် ထိုးသွင်းဒဏ်ရာ(၁)လက်မခန့်ရရှိပြီး အခင်းဖြစ်ပွား တဲ့ နေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အင်းတော်မြို့မရဲစခန်းက  နေလင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း- ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013