DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ် ပေါ်တော်မူ ကန့်ကော်တောဘုရား ရေသပ္ပါယ်ပွဲကျင်းပ
DVB
·
April 17, 2019
ကျောက်ဖြူမြို့နယ် ပေါ်တော်မူ ကန့်ကော်တောဘုရား ရေသပ္ပါယ်ပွဲကျင်းပ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကန့်ကော်တော ပေါ်တောမူ ဘုရား နှစ်ဆူကို သင်္ကြန်အတက်နေ့ ညနေက  ရခိုင်ရိုးရာဘုရားရေသပ္ပာယ်ပွဲကို ပြုလုပ်ခဲ့ကြ ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်း သင်္ကြန်အတက်နေ့မှာ ကံကော်တောဘုရားရဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကပါ လာရောက်ရေသပ္ပါယ်ကြတာဖြစ်ပြီး ရေသပ္ပါယ်ခြင်းကြောင့် လိုအင်ဆန္ဒတွေပြည့်စေတယ်လို့ ယုံကြည်ကြတဲ့အတွက် နှစ်စဉ်နှစ်တိုင်းသင်္ကြန်အတက်နေ့မှာ ရေသပ္ပါယ်ပွဲကို ပြုလုပ်ကြတာလို့ ကံကော်တောဘုရားဂေါပကဥက္ကဋ္ဌ ဦးဖိုးသာက ပြောပါတယ်။

“ကောဇာသက္ကရာစ် ၁၄၇ ခုနှစ်ကတည်းက သင်္ကြန်အတက်နေ့မှာ ဘုရားရေချိုးပွဲကို ကျင်းပတာပါ၊ ကျင်းပတဲ့အခါမှာ ကျောက်ဖြူမြို့ အနီးအနားမှာရှိတဲ့ ဂုံးချိန်ကျေးရွာနဲ့ အနီးအနားမှာ ရှိတဲ့ (၅)မိုင် လောက်က ရွာတွေဟာ ရွာတိုင်းကလာပြီးတော့ ရေသပ္ပါယ်ကြပါတယ်။ ရေသပ္ပါယ်တဲ့အတွက် အများပြည်သူတွေဟာ ကျန်းမာရေးကောင်းတယ်၊ စိတ်ချမ်းသာတယ်၊ စီးပွားလာဘ်လာဘတွေ တိုးတက်မှုရှိတယ်”

ကံကော်တောဘုရားကို ရေသပ္ပာယ်ပွဲကို  ရှေးရိုးရာအစဉ်အလာ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းတဲ့အနေနဲ့ ကျင်းပလာတာဖြစ်ပြီး နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြော တာဖြစ်သလို ရခိုင်ပြည်နယ် စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့သူတွေအတွက် ဆုတောင်းပေးခဲ့ တယ်လို့ အုန်းတောကျေးရွာနေ မသီတာခင်က ပြောပါတယ်။

“ကိုယ်ရဲ့မိဘဘိုးဘွားလက်ထက်ကတည်းက ရိုးရာဓလေ့ရယ်၊ ပြီးရင်နှစ်ဟောင်းကနေ နှစ်သစ်ကို ညစ်ပေနေတဲ့ အညစ်အကြေးတွေကို သန့်ရှင်းသလိုပေါ့ အဲဒီလိုပုံစံမျိုးနဲ ရေသပ္ပါယ် ရတာဖြစ်တယ်၊ ကိုယ့်ရဲ့ပြည်နယ်မှာပေါ့ ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေကြတဲ့အတွက် ဆုတောင်းရင်းနဲ့ပေါ့။”

ကျောက်ဖြူမြို့နယ်ရှိ ကန့်ကော်တောဘုရားဟာ ရှေးယခင်ကတည်းက သမိုင်းဝင် တန်ခိုးကြီးပေါ်တော်မူ ဘုရားနှစ်ဆူဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း သင်္ကြန်အတက်နေ့ရောက်တိုင်း ကံကော်တောဘုရားအနီးရှိ ကျေးရွာ ၁၇ ရွာ နဲ့ မြို့ပေါ်ရပ်ကွက်တွေက  လူကြီး၊ လူငယ်မတွေပါ မကျန်လာရောက်ပြီး ဘုရားကို လက်ယာရစ် တပတ်လှည့်လည်ကာ ရေသပ္ပာယ် ကြပါတယ်။

သတင်း - နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013