DVB Logo
Home
မြန်မာသတင်း
အန်စီအေ လက်မှတ်ထိုးရန် “ဝ” တပ်ဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပေးဖို့ တိုက်တွန်း
DVB
·
April 17, 2019
အန်စီအေ လက်မှတ်ထိုးရန် “ဝ” တပ်ဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပေးဖို့ တိုက်တွန်း
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ် ရေးထိုးဖို့  UWSA “ဝ” တပ်ဖွဲ့ ခေါင်းဆောင်တွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့  ဧပြီ ၁၇ ရက်က “ဝ” အထူးဒေသ(၂) ပန်ဆန်းမြို့မှာ ကျင်းပတဲ့  ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ်(၃၀)ပြည့် အခမ်းအနားကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ တိုက်တွန်း လိုက်တာပါ။

“တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေးနဲ့ ညီညွတ်ရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေဟာ  အန်စီအေ လက်မှတ် ထိုးပြီးမှသာ ဆောင်ရွက်နိုင်မယ်၊ “ဝ” အထူးဒေသ ၂ အပါအဝင် တိုင်းရင်းသားတွေ မျှော်လင့်တောင့်တနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရေးဆိုတဲ့  အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို လျောက်လှမ်းရာမှာ အန်စီအေဟာ ဖြတ်သန်းရမယ့် တံခါးပေါက်တခုသာဖြစ်ပြီး လမ်းဆုံးပန်းတိုင် မဟုတ်ဘူး”လို့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

အန်စီအေမှာ ပါဝင်လက်မှတ် ရေးထိုးပြီးနောက်မှာလည်း အန်စီအေက လွှမ်းခြုံခြင်းမရှိတဲ့ ကိစ္စရပ်တွေရှိလာရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ ညှိနှိုင်းပြီး သဘောတူညီမှု ရယူဆောင်ရွက်နိုင်တယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“ဝ” အထူးဒေသ ၂ အပါအဝင် အန်စီအေလက်မှတ်ထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာဖို့ အလေးထားကြိုးပမ်းနေတာဟာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်းရင်းသားမျိုးနွယ်စုအားလုံး ပါဝင်စေလိုတဲ့ နိုင်ငံရေး စိတ်ရင်း စေတနာကြောင့် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု  နှစ် ၃၀ ပြည့်အခမ်းအနားကို ဒီကနေ့ ပန်ဆန်းမြို့မှာ ကျင်းပရာမှာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေရော အစိုးရကိုယ်စားလှယ်တွေပါ တက်ရောက်နေကြပြီး ထောင်သောင်းချီတဲ့   ‘၀’လက်နက်ကိုင် တပ်ဖွဲ့တွေ စစ်ရေးပြခဲ့ကြပါတယ်။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနေနဲ့  ပြည်ထောင်စု မြန်မာနိုင်ငံမှ ခွဲထွက်မှာ မဟုတ်သလို လွတ်လပ်ရေး မတောင်းဆိုဘူးလို့လည်း   ‘ဝ’ ပြည်နယ်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်းက အခမ်းအနားမှာ ကတိပေး ပြောထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013