DVB Logo
Home
မြန်မာသတင်း
အုတ်တွင်းမြို့နယ်တွင် ဖခင်ဖြစ်သူက တုတ်ဖြင့်ရိုက်သဖြင့် သမီးဖြစ်သူ သေဆုံး
DVB
·
April 17, 2019
အုတ်တွင်းမြို့နယ်တွင် ဖခင်ဖြစ်သူက တုတ်ဖြင့်ရိုက်သဖြင့် သမီးဖြစ်သူ သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်​မှာ  ဧပြီ ၁၄ ရက် သင်္ကြန်အကျ​နေ့ ညနေပိုင်းက ဖခင်ဖြစ်သူက တုတ်နဲ့ ရိုက်ခဲ့တာကြောင့် သမီးဖြစ်သူ သေဆုံးမှု ဖြစ်​ပွားခဲ့လို့  အုတ်တွင်းမြို့မ ရဲစခန်းမှာ ဖခင်ဖြစ်သူကို အမှုဖွင့် အရေးယူထားပါတယ်။

အုတ်တွင်းမြို့နယ်၊ သရက်ချဉ်ရွာ​မှာ​နေတဲ့ အသက် ၁၅ နှစ် အရွယ် မအိအိခိုင်ဟာ နွားတင်းကုတ်မှာ တံမြက်စည်းလှည်းနေချိန်​ ဖခင်​ဖြစ်သူ ကိုထွန်းနိုင် က အပြင်က ပြန်ရောက်လာပြီး သမီးဖြစ်သူကို ဆဲဆိုကြိမ်း​မောင်းကာ အနီးရှိ တုတ်နဲ့ ရိုက်ခဲ့တာလို့ နယ်မြေ ရဲစခန်းက သိရပါတယ်။  

သမီးဖြစ်​သူ မအိအိခိုင်ဟာ ညာဘက်ဂျိုစောင်းမှာ ဒဏ်ရာ ၁ ချက် ရရှိ​ပြီး မေ့​မျောသွားတဲ့ အတွက် တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆာင်ကုသခဲ့ရပါတယ်။

ဒဏ်ရာ မသက်​သာတာ​ကြောင့် ဧပြီလ ၁၅ ရက်​​ သင်္ကြန်​အကြတ်​နေ့ မနက်​ပိုင်းမှာ နေပြည်​​တော်​ကုတင်​ ၁၀၀၀ ဆေးရုံကို လွှဲ​​ပြောင်း ပို့ဆောင်​​နေတုန်း ​သေဆုံးသွားခဲ့တာ ဖြစ်​ပါတယ်​။

ဒါကြောင့် အသက် ၃၃ နှစ် အရွယ် ဖခင်ဖြစ်တဲ့ ကိုထွန်းနိုင်ကို အမှုဖွင့် အ​ရေးယူပေးဖို့ မိခင်ဖြစ်တဲ့ မမိုးဝင်း က တရားလိုလုပ်ပြီး အမှုဖွင့် တိုင်တန်းခဲ့တာကြောင့် အုတ်တွင်းမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၂၅ အရ အမှုဖွင့် အ​ရေးယူထားရာက​နေ လူ​သေဆုံးသွားခဲ့လို့ ရာဇသတ်​ကြီးပုဒ်​မ- ၃၀၂ နဲ့ ပြောင်းလဲ အမှုဖွင့် အ​ရေးယူထားပါတယ်​။

သတင်း - သားကြီး(​တောင်​ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013