DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင်  သင်္ကြန်ကာလ ရေနစ်သေဆုံးသူ ၂ ဦးရှိ
DVB
·
April 17, 2019
ဖြူးမြို့နယ်တွင်  သင်္ကြန်ကာလ ရေနစ်သေဆုံးသူ ၂ ဦးရှိ
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲမှာ သင်္ကြန်ကာလအတွင်း သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ၂ ဦးစလုံး ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

သင်္ကြန်အကျနေ့မှာ  ၀ဲဒေါင့်ကျေးရွာအနီး ဖြူးချောင်းအတွင်းနဲ့ သင်္ကြန်အကြတ်နေ့မှာ ဖြူးချောင်းရေလွှဲဆည်တို့မှာ သေဆုံးမှုခဲ့ တာဖြစ်ပါတယ်။

"အခြားအမှုတော့ မရှိဘူး။ ရေနစ်သေဆုံးတဲ့သူ နှစ်ဦးတော့ရှိတယ်။ သေဆုံးသူတွေကို ဆေးရုံပို့ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေလုပ်ပြီး သေမှုသေခင်းဖွင့်ဆောင်ရွက်နေပါတယ်။ သင်္ကြန်အကြတ်တက်နေ့က ရေနစ်ပြီး ပျောက်နေတဲ့ကောင်လေးက အတက်နေ့မှ အလောင်း ပြန်ရတယ်"လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ ၀ဲဒေါင့်ကျေးရွာအနီးရှိ ဖြူးချောင်းအတွင်း သင်္ကြန်ရေကစားရာက ညောင်လေးပင်မြို့နေ အောင်ကျော်မင်း ရေနစ်သေဆုံးခဲ့ပြီး ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းမှာလည်း ဖြူးရေလွှဲဆည်မှာ သင်္ကြန်ရေလာရောက်ကစားတဲ့ အုတ်တွင်းမြို့က သဲမောင် ရေနစ်ပျောက်ဆုံးနေတာဖြစ်ပြီး အလောင်းကို ဧပြီ ၁၆ ရက် မနက်မှာ ပြန်လည်ရှာတွေခဲ့ပါတယ်။

အခုနှစ်သင်္ကြန်မှာ ဖြူးမြို့နယ်အတွင်းမှာ ဖျော်ဖြေရေးမဏ္ဍပ် (၄) ခုလောက်ရှိပြီး မြို့နယ်အတွင်း လုံခြုံရေးရဲဝန်ထမ်း ၁၂၀ ကျော်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013