DVB Logo
Home
မြန်မာသတင်း
နှစ်သစ်တွင် အကျဉ်းသား ၉၅၀၀ ကျော်ကို သမ္မတက လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေး
DVB
·
April 17, 2019
နှစ်သစ်တွင် အကျဉ်းသား ၉၅၀၀ ကျော်ကို သမ္မတက လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေး
Donate to DVB

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတက အကျဉ်းသားပေါင်း  ၉၅၅၁ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသူ အကျဉ်းသား  ၉၅၃၅ ဦးကို ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာလို့ ဒီကနေ့ ဧပြီ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်စာမှာ ဖော်ပြပါတယ်။

အလားတူ နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးကိုလည်း နိုင်ငံအချင်းချင်း မိတ်မပျက် ဆက်ဆံရေးကိုရှေးရှုသောအားဖြင့် လူသားချင်းစာနာတဲ့ အနေနဲ့ ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့် ပြုလိုက်ပြီး  ပြည်နှင်ဒါဏ်ပေးလိုက်တယ်လို့ သမ္မတရုံးက သီးခြား အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံခြားသားတွေဟာ ဘယ်နိုင်ငံတွေကလဲ ဆိုတာ မသိရသေးသလို ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ယောက်ပါတယ်ဆိုတာ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013