DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာကန်အတွင်း ရေနစ်သေဆုံးသည့် တပ်မတော်သား ၂ဦး အလောင်းတွေ့
DVB
·
April 16, 2019
မိတ္ထီလာကန်အတွင်း ရေနစ်သေဆုံးသည့် တပ်မတော်သား ၂ဦး အလောင်းတွေ့
1 / 2
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်ရှိ မိတ္ထီလာတောင်ဘက်ကန်အတွင်း ဧပြီ ၁၅ ရက်မနက်က ရေနစ်သေဆုံးတဲ့ တပ်မတော်သား ၂ဦး အလောင်း တွေ့ရတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

ရေနစ်သေဆုံးသူ ၂ ဦးကတော့  အမှတ်(၁၀)တပ်မတော်အကြီးစားစက်ရုံ ရှမ်းတဲရွာက တပ်ကြပ်ကြီး ပြည့်ဖြိုးသူ(၂၉နှစ်)နဲ့ ဒုတပ်ကြပ် ဝင်းကိုကိုကျော် (၂၇နှစ်)တို့ဖြစ်ကြပြီး မိတ္ထီလာကန် အန္တကူရေလည်ဘုရား အနီးမှာ အလောင်း ပေါ်လာတာဖြစ်ပါတယ်။  

မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်တို့ ရေနစ်သေဆုံးပါတယ်။ အခြားပြင်ပဒဏ်ရာမတွေ့ရပါဘူး။ ရေဆင်းချိုးရင်း ရေနစ်သေဆုံးကြ တယ် ထင်ပါတယ်။ ကုတင်၅၀၀ အမှတ်(၁)တပ်မတော်ဆေးရုံပို့ပေးရတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံကိုမျိုးမြင့်က "အထက်တန်းကျောင်းဘေးနားက ကန်ဘောင်ပေါ်ထိုင်ရင်းနဲ့ ရေဆင်းချိုးကြတယ် ထင်ပါတယ်။ ပူလည်းအတော်ပူနေတော့ ရေမြင်တော့ ချိုးချင်စိတ် ဖြစ်သွားကြတာပေါ့။ အဲနေရာက ဖြစ်တတ်တယ် သတိထားသင့်တယ်"လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းမှာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၉ ဖြင့် အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013