DVB Logo
Home
မြန်မာသတင်း
ယင်းချောင်းတွင် သင်္ကြန်ရေကစားပြီး ပြန်လာသည့်ကားမှောက် လူ ၁၈ ဦးဒဏ်ရာရ
DVB
·
April 16, 2019
ယင်းချောင်းတွင် သင်္ကြန်ရေကစားပြီး ပြန်လာသည့်ကားမှောက် လူ ၁၈ ဦးဒဏ်ရာရ
1 / 4
Donate to DVB

နတ်မောက်မြို့ ယင်းချောင်းထဲမှာ သင်္ကြန် ရေကစားပြီးပြန်လာတဲ့  ကားတစီး မနေ့ညနေ ၃နာရီခွဲလောက်က တိမ်းမှောက်ခဲ့လို့ လူ ၁၈ ဦးထိခိုက်ဒဏ်ရာရသွားပြီး  ၂ ဦးရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ မြို့မ ရဲစခန်းက သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်၊  စစ်သားကျေးရွာနေသူ အမျိုးသား ၂၅ ဦးလောက် လိုက်ပါလာတဲ့ Faw ကားတစီးဟာ  ယင်းချောင်းထဲ သင်္ကြန်ရေကစားပြီးအပြန် ဘုန်းတော်ပြည့်ကျေးရွာအနီး နတ်မောက်-တောင်တွင်းကြီးလမ်းပိုင်း မိုင်တိုင်အမှတ် ၂၅ မိုင်၊ ၄ ဖာလုံ လမ်းအကွေ့မှာ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်​။

ယာဉ်တိမ်မှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁၈ ဦး ထိခိုက်ဒဏ်ရာရလို့  ၁၆ ဦးကို နတ်မောက်ဆေးရုံကို ပို့ဆောင် ဆေးကုမှု ခံယူနေရကာ ၂ဦးကတော့ စိုးရိမ်ရလို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေ​ရပါတယ်​။

ယင်းယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နတ်မောက်မြို့မရဲစခန်းက သိရပါတယ်​။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ​တောင်တွင်းကြီးမြို့နယ် ထောက်ကြံ့တွင်းကျေးရွာနေ ဖောကား ယာဉ်မောင်း ဝေယံ ၂၄ နှစ်ကို  နတ်မောက်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၀၂ တို့နဲ့ အမှုဖွင့် ထားပါတယ်​။

သတင်း - ကိုလင်း(​ချောက်​)၊ ဓာတ်ပုံ- ကျော်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013