DVB Logo
Home
မြန်မာသတင်း
ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ဝင် ၄ ဦးကို စစ်တပ်က ပုဒ်မ ၆၆ (ဃ)ဖြင့်အမှုဖွင့်
DVB
·
April 16, 2019
ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ဝင် ၄ ဦးကို စစ်တပ်က ပုဒ်မ ၆၆ (ဃ)ဖြင့်အမှုဖွင့်
1 / 4
Donate to DVB

ဒေါင်းတို့မျိုးဆက် ကျောင်းသားလူငယ် သံချပ်အဖွဲ့ဝင် ၄   ဦးကို ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုဗိုလ်မှူး သန်းထွန်းမြင့်က တရားလိုလုပ်ပြီး မရမ်းကုန်းရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားတယ်လို့ တရားစွဲခံရသူတဦးဖြစ်တဲ့  ကိုပိုင်ရဲသူက ဒီဗွီဘီကို ပြောပါတယ်။

ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်းနဲ့  မဆုရတနာမြင့်တို့ကို ဧပြီ ၁၀ ရက်က ဘုရင့်နောင်ပွဲရုံမှာ သံချပ်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး အမှုဖွင့်ထားတာလို့လည်းသိရပြီး အမှုဖွင့်ခံရသူ ၄ ယောက်ကို မနေ့ညက မရမ်းကုန်းရဲစခန်းမှာ စစ်ချက်ယူခဲ့ပါတယ်။

ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ဟာ စစ်နဲ့ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပညာရေးနဲ့ ကျောင်းသားရေးရာတွေအပြင် လွှတ်တော်နဲ့ နိုင်ငံရေးထဲမှာ စစ်တပ်ပါဝင်နေမှုတွေကို သံချပ်ထိုးထားကြတာပါ။

အခုလို အမှုဖွင့်တဲ့အပေါ် “အနာရှိလို့ စပ်တယ်လို့ ယူဆပြီး လက်ကျန်သင်္ကြန် နောက်ဆုံးရက်ကို လည်း ဒေါင်းတို့မျိုးဆက်အဖွဲ့ ဖျော်ဖြေရေး ဆက်ထွက်သွားမယ်” လို့ ကိုပိုင်ရဲသူက ပြောပါတယ်။

တကသ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ နှစ်စဉ် သံချပ်ထွက်လာတာ ၇ နှစ် ရှိပြီဖြစ်ပြီး အခုနှစ်မှာ သံချပ်ကို ဆင်ဆာမတင်တဲ့အတွက် စင်ပေါ်ပြိုင်ပွဲ ၀င်ပြိုင်ခွင့်မရသလို ဖိတ်ခေါ်ထားတဲ့နေရာတချို့ကို သွားရောက်ဖျော်ဖြေခဲ့ရာမှာ လည်း နှောင့်ယှက်ခံခဲ့ရပါတယ်။

သင်္ကြန်မတိုင်ခင်ကလည်း ဧရာဝတီတိုင်းဒေသကြီးထဲမှာ သွားရောက် ဖျော်ဖြေနေတဲ့ ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ကို  ကျောင်းကုန်းမြို့အဝင်မှာ လူအုပ်စုကြီးတစုက ၀ိုင်းဝန်း တားဆီး နှောင့်ယှက်ခဲ့ပါတယ်။

ဓာတ်ပုံ - ဒေါင်းတို့မျိုးဆက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013