DVB Logo
Home
မြန်မာသတင်း
ကဒုံကနိကမ်းခြေ၌ သင်္ကြန်ရေကစားစဉ် ရေထဲမျောပါသွားသည့် ၈တန်းကျောင်းသားအလောင်း ပြန်တွေ့
DVB
·
April 16, 2019
ကဒုံကနိကမ်းခြေ၌ သင်္ကြန်ရေကစားစဉ် ရေထဲမျောပါသွားသည့် ၈တန်းကျောင်းသားအလောင်း ပြန်တွေ့
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကမ်းခြေမှာ သင်္ကြန်ရေကစားနေစဉ် ရေစီးနဲ့မျောပါသွားတဲ့ ၈တန်းကျောင်းသားရဲ့ ရုပ်အလောင်းကို သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် က ပြန်လည်တွေ့ရှိခဲ့ပါတယ်။

သင်္ကြန်အကျနေ့ ညနေပိုင်းက ကမ်းခြေမှာ ရေကစားနေတဲ့ ၈တန်းကျောင်းသား တဦးဟာ ရေနက်ပိုင်းရောက်ရှိသွားပြီး ရေစီးနဲ့ မျောပါနစ်မြှုပ်သွားခဲ့တာဖြစ်ပါတယ်။

မျောပါသွားတဲ့ကျောင်းသားကို မိသားစုဝင်တွေက ကမ်းခြေမှာ ကန်တော့ပွဲပေးပြီး လိုက်လံ ရှာဖွေခဲ့ရာမှာ သင်္ကြန်အကြတ်နေ့  နေ့လယ်ပိုင်းက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကမ်းခြေမှာရှိတဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013