DVB Logo
Home
မြန်မာသတင်း
လေပြင်းတိုက်၊ မိုးကြိုးပစ် မိုးလေ၀သဖြစ်စဉ်များကို ဂရုပြုရန် မိုးဇလသတိပေး
DVB
·
April 15, 2019
လေပြင်းတိုက်၊ မိုးကြိုးပစ် မိုးလေ၀သဖြစ်စဉ်များကို ဂရုပြုရန် မိုးဇလသတိပေး
Donate to DVB

မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်တဲ့ လေပြင်းတိုက်၊ မိုးကြိုးပစ်စတဲ့  မိုးလေ၀သဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုးလေ၀သနှင့် ဇလဗေဒဌာနက ဒီကနေ့ ဧပြီ ၁၅ ရက်နေ့စွဲနဲ့ ကြိုတင် သတိပေးနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ အရပ်ရပ်မှာ မိုးကြိုကာလဖြစ်တဲ့ ဧပြီလမှ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ မ၀င်ရောက်မီ ကာလအတွင်း လေထု မငြိမ်မသက်မှုတွေကြောင့်နဲ့ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက်လာရာက မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းတာကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာစတဲ့ မိုးလေ၀သဖြစ်စဉ်တွေကို ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်၊ရေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်ကနေ  မိုင် ၄ဝ အထိတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် အများပြည်သူတွေအနေနဲ့  မိုးကြိုကာလဖြစ်တဲ့ ဧပြီလကနေ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အထူးသတိပြုနေထိုင်သွားကြပါဖို့ မိုးဇလက ကြိုတင်သတိပေး နှိုးဆော် ထားပါတယ်။

ဓာတ်ပုံ-DMH

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လေပြင်းတိုက်၊ မိုးကြိုးပစ် မိုးလေ၀သဖြစ်စဉ်များကို ဂရုပြုရန် မိုးဇလသတိပေး