
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်နေပြီး လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေကာ ပိုမိုအားကောင်းလာပြီး မုန်တိုင်း တခု ဖြစ်လာနိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ဒီကနေ့ မွန်းလွဲ ၂ နာရီက ခန့်မှန်း ထုတ်ပြန်ပါတယ်။
ဒီမနက် ၉နာရီအချိန် KALPANA_1 ဂြိုဟ်တုက တိုင်းတာ ပေးချက်အရ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ကနေ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ လည်း ခန့်မှန်းထားပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ထွန်းနိုင်ပြီး ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)နဲ့ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား ထစ်ချုန်းရွာ နိုင်ပြီး မြန်မာပြည် မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်၊ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင် တွေမှာတော့ လှိုင်းအနည်း ငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ပေကနေ ၂ ပေ ခန့် ရှိနိုင်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ-Dr Tun Lwin











