DVB Logo
Home
မြန်မာသတင်း
‘ဝ’ ဒေသအံ့မခန်းတိုးတက်နေ၊ ပြည်နယ်အဆင့် သတ်မှတ်ပေးရန် ပေါက်ယူချန်း တောင်းဆို
DVB
·
April 15, 2019
‘ဝ’ ဒေသအံ့မခန်းတိုးတက်နေ၊ ပြည်နယ်အဆင့် သတ်မှတ်ပေးရန် ပေါက်ယူချန်း တောင်းဆို
Donate to DVB

ပြည်​​ထောင်​စုအစိုးရအနေနဲ့  ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ် အဖြစ်သတ်မှတ်ပေးဖို့ ‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်းက တောင်းဆိုလိုက်ပါတယ်။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ပန်ဆန်းရှိ ‘ဝ’  ပြည်သူ့ရင်ပြင်မှာ ဒီကနေ့ ဧပြီ ၁၅ ရက်မနက်က ကျင်းပတဲ့ ‘ဝ’ ငြိမ်းချမ်းရေးတည်ထောင်မှု နှစ် ၃၀ ပြည့် စစ်ရေးပြလေ့ကျင့်တဲ့ အခမ်းအနားအတွင်း ဖတ်ကြားတဲ့ မိန့်ခွန်းမှာပြောသွားတာပါ။

မြန်မာရာဇ၀င်မှာ ဘယ်ဧကရာဇ်မှ ‘ဝ’ ပြည်နယ်ကို မစိုးမိုးခဲ့သလိုဘယ် တရုတ်ဧကရာဇ်ကမှလည်း  မစိုးမိုးခဲ့ကြောင်း၊ ၁၉၆၀ ပြည့်နှစ်မှာ မြန်မာ-တရုတ် နယ်ခြားမျဉ်းဆွဲပြီး နောက် ‘ဝ’ ပြည်နယ်ကို မြန်မာနိုင်ငံနယ်နိမိတ်ထဲ ထည့်သွင်းခဲတဲ့ အမှန်တရားကို ၀ပြည်နယ်အစိုးရကလက်ခံတဲ့အကြောင်းနဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ဘူးလို့ ‘ဝ’ ခေါင်းဆောင် ပေါက်ယူချန်းက ကတိပေးပြောသွားပါတယ်။

“ ‘ဝ’ ပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံမှ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး မခွဲထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာပြုခဲ့ပြီး ကျနော်တို့ရဲ့ လိုအပ်ချက်မှာ တိုင်းရင်းသား ဇာတိမာန်နဲ့ တန်းတူညီမျှရေး၊ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးဖြစ်သည်။ ပြည်ထောင်စုအစိုးရမှ ၀တိုင်းရင်းသားများအား ၀ပြည်နယ် အဆင့် သတ်မှတ်ပေးရန် တောင်းဆိုသည်။ ဤ ရည်မှန်းချက်ရောက်ရန် ကျနော်တို့မှ ရာသက်ပန် ကြိုးပမ်းအားထုတ်သွားကြမည်ဖြစ်သည်”လို့ ပြောပါတယ်။

‘ဝ’ ပြည်နယ်အဖြစ် အကောင်အထည်မပေါ်ခင်မှာ တဖက်က မိမိကိုယ်ကိုယ်ကာကွယ်ဖို့ လက်နက်ကိုင်ထားမှာဖြစ်ပြီး တဖက်က ငြိမ်းချမ်းရေးကို ကိုင်ဆွဲကာ လက်ရှိ အနေအထားကို ဆက်လက်စောင့်စည်း ထိန်းသိမ်းသွားမယ်လို့ ဆိုထားပါတယ်။

မြန်မာပြည် လွတ်လပ်ရေးရပြီး နောက် တက်လာတဲ့ အစိုးရအဆက်ဆက်ဟာ ပင်လုံစာချုပ်အနှစ်သာရကို အတည်မပြုဘဲ လမ်းကြောင်းလွှဲအောင်ပြုမူ ဆာင်ရွက်ခဲ့ကြပြီး ကောင်းမွန်သင့်မြတ်တဲ့ တိုင်းရင်းသားရေးရာ မူဝါဒကို ချမှတ်နိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ‘ဝ’ ပြည်နယ် ပြည်သူ့အစိုးရ ဥက္ကဋ္ဌ  ဦးပေါက်ယူချန်းက ဝေဖန်သွားပါတယ်။

ငြိမ်းချမ်းရေးယူခဲ့တဲ့ နှစ်ပေါင်း ၃၀အတွင်း ‘ဝ’တိုင်းရင်းသားတွေဟာ ကိုယ့်အားကိုယ့်ကိုး ကြိုးပမ်းဆောင်ရွက်ခဲ့လို့ ဆင်းရဲခေတ်နောက်ကျတဲ့ဘ၀ကနေ အံ့မခန်းပြောင်းလဲ တိုးတက်လာခဲ့တယ်၊ အခက်ခဲဆုံးကြိုးပမ်းခဲ့ရပြီး ဂုဏ်ယူစရာ အကောင်းဆုံး အောင်မြင်မှု ကတော့  ဘိန်းစိုက်ပျိုးမှု ပပျောက်ကင်းစင်တဲ့ဒေသဖြစ်အောင် လုပ်နိုင်ခဲ့တာပဲ ဖြစ်တယ်လို့ ပေါက်ယူချန်းကပြောပါတယ်။

‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားကို ဧပြီ ၁၅ရက်ကနေ ၁၇ရက်အထိ အထူးဒေသ ပန်ဆန်းမြို့မှာ ကျင်းပနေရာတာဖြစ်ပြီး အခမ်းအနားကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက် နေကြပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ထဲမှာရှိတဲ့ ‘ဝ’ တပ်မှူးတွေဟာ  ပုန်ကန် အာဏာသိမ်းပြီး နေက် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ကို တည်ထောင်ကာ  န၀တ စစ်အစိုးရနဲ့ ငြိမ်းချမ်းလက်မှတ်ထိုးခဲ့တဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013