DVB Logo
Home
မြန်မာသတင်း
မန္တလေးသင်္ကြန် အကျနေ့အထိ ဒဏ်ရာရသူ ၆၅ ဦး၊ သေဆုံးသူ ၃ ဦး ရှိ
DVB
·
April 15, 2019
မန္တလေးသင်္ကြန် အကျနေ့အထိ ဒဏ်ရာရသူ ၆၅ ဦး၊ သေဆုံးသူ ၃ ဦး ရှိ
Donate to DVB

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်က ဒဏ်ရာရရှိသူ ၆၅ ဦးနဲ့ သေဆုံးသူ ၃ ဦးရောက်ရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး  ၆ ဦး ဒဏ်ရာရရှိခဲ့ရာ အမျိုးသား ၂ ဦးသေဆုံးခဲ့ပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆေးရုံကြီးသို့ ရောက်ရှိတဲ့လူနာ အမျိုးသား ၃၁ ဦး အမျိုးသမီး ၄ ဦးရှိခဲ့ပြီး သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

သေမှုသေခင်းကတော့ စိတ်မနှံ့တဲ့ အမျိုးသမီးတဦး ကျုံးရေပြင်အတွင်း ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့်ဒဏ်ရာရတဲ့ လူဦးရေ စာရင်းနှိုင်းယှဉ်ပါက သင်္ကြန်အကျနေ့မှာ သင်္ကြန်အကြိုနေ့ထက် ပိုများလာပါတယ်။

သင်္ကြန်အကြိုနေ့က ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆေးရုံကြီးကို ရောက်ရှိတဲ့လူနာ ကျား ၁၀ ဦး မ ၅ ဦးရှိခဲ့ပေမယ့် သင်္ကြန်အကျနေ့မှာ ခိုက်ရန်ဖြစ်ပွားတာကြာင့် ဆေးရုံကြီးသို့ ရောက်ရှိတဲ့လူနာ ကျား ၃၁ ဦး မ ၄ ဦးရှိခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့က မန္တလေးအထွေရောဂါကုဆေးရုံကြီးမှာ ဒဏ်ရာရရှိသူ ၃၄ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း/ဓာတ်ပုံ- နိုင်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013