DVB Logo
Home
မြန်မာသတင်း
၂ဝ၁၈ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုနှင့် မုဒိမ်းမှုပေါင်း ၂ဝဝဝ ခန့် တရားစွဲဆို
DVB
·
April 14, 2019
၂ဝ၁၈ ခုနှစ်အတွင်း  သက်ငယ်မုဒိမ်းမှုနှင့် မုဒိမ်းမှုပေါင်း ၂ဝဝဝ ခန့် တရားစွဲဆို
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ သက်ငယ်မုဒိမ်းနဲ့ မုဒိမ်းမှုပေါင်း ၂၀၀၀ နီးပါး တရားရုံးတွေမှာ စွဲဆိုခဲ့ပြီး သက်ငယ်မုဒိမ်းက ပိုများတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

တရားလွှတ်တော်ချုပ်ရဲ့  နှစ်စဉ်အစီရင်ခံစာမှာ အရေးကြီးရာဇဝတ်မှုတွေအဖြစ် ဖော်ပြထားတာဖြစ်ပြီး သက်ငယ်မုဒိမ်းမှု ၁၁၂၀၊ မုဒိမ်းမှုက ၈၀၂ မှုရှိခဲ့ပါတယ်။

ဒါတွေဟာ မြို့နယ်နဲ့ ခရိုင်တရားရုံးတွေမှာ စွဲဆိုတဲ့အရေအတွက်ပဲ ဖြစ်ပြီး လူသတ်မှု ၁၃၃၉ မှု၊ မူးယစ်ဆေးဝါးမှု ၁၂၄၁၇ မှု၊ လူကုန်ကူးမှု ၁၇၉ မှု၊ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု ၃၂၉၄ မှု ရှိခဲ့ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေဟာ ရန်ကုန်တိုင်းမှာ ၂၅၃ မှု စွဲဆိုခဲ့ပြီး အများဆုံးဖြစ်ပါတယ်။ ပြီးတော့ မန္တလေးတိုင်းမှာ ၁၇၂ မှု၊ ဧရာဝတီတိုင်းမှာ ၁၄၆ မှု၊ စစ်ကိုင်းတိုင်းမှာ ၁၁၄ မှု စွဲဆိုခဲ့ပါတယ်။ အစီရင်ခံစာအရ တိုင်းနဲ့ပြည်နယ်အားလုံးမှာ သက်ငယ်မုဒိမ်းမှုတွေ စွဲဆိုထားတာကို တွေ့ရပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ လျော့စေဖို့နဲ့ တရားစီရင်ရေးဆိုင်ရာ ကလေးသူငယ် အခွင်အရေးတွေ အပြည့်အဝရစေဖို့ စီမံထားဖို့ လိုတယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆိုပါတယ်။

ဒါကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် အဓမ္မပြုကျင့်သူတွေကို နောက်ထပ် အဲဒီလို ပြစ်မှုတွေ မကျူးလွန်ဝံ့စေဖို့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့အတွက် အဲဒီလိုအမှုတွေကို ခရိုင်တရားရုံးတွေကိုပဲ စွဲဆိုတင်ပို့ဖို့၊ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

သက်ငယ်မုဒိမ်းမဟုတ်တဲ့ ရိုးရိုးမုဒိမ်းမှုတွေကတော့ ဧရာဝတီတိုင်းမှာ ၁၂၇ မှုနဲ့ အများဆုံး စွဲဆိုခဲ့ပါတယ်။ ပြီးတော့ ပဲခူးတိုင်းမှာ ၁၂၃ မှု၊ မန္တလေးတိုင်းမှာ ၁၂၁ မှု၊ ရန်ကုန်တိုင်းမှာ ၁၀၁ မှု၊ စစ်ကိုင်းတိုင်းမှာ ၇၄ မှုနဲ့ အများဆုံး ဖြစ်ပါတယ်။

လူသတ်မှုကတော့ ရန်ကုန်တိုင်းမှာ ၂၀၄ မှု၊ မန္တလေးတိုင်းမှာ ၁၆၈ မှု၊ ဧရာဝတီတိုင်းမှာ ၁၅၆ မှု၊ ပဲခူးတိုင်းမှာ ၁၄၇ မှုနဲ့ အများဆုံး ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးမှုတွေကတော့ ရှမ်းပြည်နယ်မှာ ၂၆၂၆ မှု၊ ကချင်ပြည်နယ်မှာ ၂၃၇၀ မှု၊ စစ်ကိုင်းတိုင်းမှာ ၂၀၁၅ မှု၊ ရန်ကုန်တိုင်းမှာ ၁၈၅၆ မှုနဲ့ အများဆုံးစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013