DVB Logo
Home
မြန်မာသတင်း
မ​ကွေးမြို့နယ်​ ကြို့ပင်​အင်း​ရွာ၌ ​နေအိမ်​ ၃၂လုံး မီး​လောင်​၊ လူ ၁၀၀ ​ကျော်​အိုးမဲ့အိမ်​မဲ့ဖြစ်
DVB
·
April 14, 2019
မ​ကွေးမြို့နယ်​ ကြို့ပင်​အင်း​ရွာ၌ ​နေအိမ်​ ၃၂လုံး မီး​လောင်​၊ လူ ၁၀၀ ​ကျော်​အိုးမဲ့အိမ်​မဲ့ဖြစ်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မ​ကွေးမြို့နယ်​၊  ကြို့ပင်​အင်း​ကျေးရွာမှာ ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းက မီးကြွင်းမီးကျန်​ကတဆင့် နေအိမ်​ ၃၂ လုံး မီး​လောင်​ဆုံးရှုံးပြီး လူဦး​ရေ ၁၀၀ ​ကျော်​ အိုးမဲ့အိမ်​မဲ့ ဖြစ်​ခဲ့ရပါတယ်။

ကြိုပင်​အင်း​ကျေးရွာက ဦးသိန်းထွန်းရဲ့ ​နေအိမ်​ရှိ မီးဖို မီးကြွင်း မီးကျန်ကတဆင့်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးနားမှာရှိတဲ့ ​နေအိမ်​​တွေကိုပါ မီးကူးစက်လောင်ခဲ့တာလို့  မ​ကွေးမြိုနယ်​ ဒုမြို့နယ်​ရဲတပ်​ဖွဲမှူး ဒုရဲမှူးစိုးသိန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မီးကူးစက်​​လောင်​ကျွမ်းခဲ့တဲ့အတွက်​ သွပ်​မိုး၊ ထရံကာ​နေအိမ်​ ၃၂ လုံး ကာလတန်​ဖိုး ငွေကျပ် ၆၄ သိန်​ဖိုးလောက် မီး​လောင်​ဆုံးရှုံးပြီး လူဦး​ရေ ၁၁၅ ဦး​ မီး​ဘေးသင့်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

မီးလောင်မှုကို ညောင်​ကန်​နယ်​​မြေ မီးသတ်​စခန်းက မီးသတ်​တပ်​ဖွဲ့ဝင်​တွေ၊ ဌာနဆိုင်​ရာဝန်​ထမ်းတွေနဲ့ ဒေသခံပြည်​သူတွေက မီးသတ်​ကားနဲ့ ရေသယ်​ယာဉ်​​ တဒါဇင်လောက်နဲ့ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ကြရာမှာ ည​နေ ၄ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ တိုင်း မီးသတ်​ဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦး​အောင်​ဝင်းစိန်​က ပြောပါတယ်။

အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး  ကြာကန်​​ကျေးရွာ ​ကျေးလက်​​မြေ ပရဟိတအဖွဲ့ ဦး​ဆောင်​သူ ကို​ဇော်​မင်းထိုက်​က "ကျေးရွာကို ဝင်​တဲ့လမ်းကလည်း ကျဉ်းတဲ့အတွက်​ မီးသတ်​ကား​တွေဝင်​ဖို့ အခက်​ခဲရှိတယ်​။ လူဦး​ရေ ၁၁၅ ​ယောက်​ အိုးမဲ့အိမ်​မဲ့ဖြစ်​ခဲ့တဲ့ အတွက်​ မ​ကွေးတိုင်း​ဒေသကြီး ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနက ဆန်​နဲ့ အသုံး​ဆောင်​ပစ္စည်​​တွေ ​ထောက်​ပံ​ပေးပြီး မ​ကွေးတိုင်း​ဒေသကြီး ကြက်​​ခြေနီအဖွဲ့ကလည်း လာ​ရောက်​​ထောက်​ပံ့သွားတယ်​လို့"​ပြောပါတယ်​။

အဆိုပါမီး​လောင်​မှုဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ မီးစလောင်ခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးသိန်းထွန်းကို ​ညောင်​ကန်​နယ်​​မြေရဲစခန်းက မီး​ပေါ့ဆမှု ရာဇသတ်​ကြီးပုဒ်မ ၂၈၅နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်​။

သတင်း/ဓာတ်ပုံ -မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013