DVB Logo
Home
မြန်မာသတင်း

သင်္ကြန်ကာလ အမြန်လမ်းတလျှောက် ကားများပြည့်ကျပ်နေ

ပိုင်စိုး
·
April 13, 2019
သင်္ကြန်ကာလ အမြန်လမ်းတလျှောက် ကားများပြည့်ကျပ်နေ
Donate to DVB

သင်္ကြန်ကာလ ရန်ကုန်မြို့အထွက် အမြန်လမ်းတလျှောက်မှာ ကားတွေ ထူးထူး ကဲကဲများပြားပြည့်ကျပ်နေပြီး တိုးလ်ဂိတ်တွေရဲ့ ရှိသမျှဂိတ်ပေါက်တွေ ဖွင့်ပေးထားရတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သိရပါတယ်။

မဟာသင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် မနက် ၁ နာရီလောက်ကစပြီး အမြန်လမ်းရဲ့ အသွားအပြန်လမ်းကြောတွေမှာ ကားတွေ အသွားအလာ များနေလို့ ခရီးသွားတွေလည်း  လမ်းခရီးကြန့်ကြာမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ရန်ကုန်ကနေ တောင်ကြီးကို သွားနေတဲ့ အမျိုးသမီးတယောက်က “ည ၉ နာရီလောက်က ရန်ကုန်ကနေထွက်တာ မနက် ၃ နာရီမှ ၁၁၅ မိုင်ကိုရောက်တယ်။ လမ်းတလျှောက်ကားတွေ အများကြီးပဲ။ ရန်ကုန်ထဲမှာ ပိုပြီး ပိတ်တယ်။ ၁၁၅ မိုင်ရဲ့ ဟိုဘက်ကတော့ သိပ်မပိတ်တော့ဘူး” လို့ ပြောပါတယ်။

ကားတွေပိတ်နေတာ များနေသလို  အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ညမှာတင် ယာဉ်တိုက်မှု အနည်းဆုံး ၃ မှု ဖြစ်ခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က  ပြောပါတယ်။

ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013