DVB Logo
Home
မြန်မာသတင်း
ကြေကွဲထိရှစရာ တေးသွားများနှင့် ပြုံးရွှင်ရေ ပျော်ရဲ့လား ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
April 13, 2019
ကြေကွဲထိရှစရာ တေးသွားများနှင့် ပြုံးရွှင်ရေ ပျော်ရဲ့လား ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
Donate to DVB

“နွေအလယ် နေပူပူမှာ လျှောက်ရင်းနဲ့… ရင်မှာ ဒဏ်ရာတွေ မျိုသိပ်ရင်းနဲ့… ခ ယောင်းတောကြမ်းကြမ်းနဲ့ ဆူးခင်းလမ်းဖြတ်ကျော်ကာ အပြုံးပန်းများပွင့်စေသူ”

ဒါကတော့ လတ်တလောထွက်ရှိလာခဲ့တဲ့ ပြုံးရွှင်ရေ ပျော်ရဲ့လားအမည်ရတဲ့ ရုပ် ရှင်ကားထဲက ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားလို့ နေ ပါတယ်။

ဒီသီချင်းကိုတော့ တေးရေးဆရာ ဓီရာမိုရ်က ရေးစပ်ထားပေးခဲ့တာဖြစ်ပြီး အဆို တော် ညီသူက သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။

“လူတွေ အမြင်မှာ သူဟာ ပျော်တတ်တဲ့… လူတွေပျော်အောင်ရယ်အောင် ငို တတ်တဲ့… အနှိုင်းမဲ့ ရက်စက်တဲ့ လောကရဲ့ ဇာတ်ခုံမှာ… နှောင်ကြိုးက မလွတ်နိုင်သူ”

ကြေကွဲထိရှစရာ တေးသွားတွေနဲ့အတူ ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းပုံ ရိပ်တွေဟာ ထင်ဟပ်နေခဲ့တာကို ဒီသီချင်းထဲမှာ ခံစားနားဆင်ကြည့်ရှုနိုင်မှာ ဖြစ်ပါ တယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ပရိသတ်ကြိုက် နာမည်ကြီးသရုပ်ဆောင်မင်းသား နေ တိုး ခေါင်းဆောင်ပါဝင်ထားပြီး နာမည်ကြီး စာရေးဆရာ အကြည်တော်ရဲ့ ၀တ္ထုကို ဒါရိုက် တာ ၀င်းထွန်းထွန်းက ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နေတိုးနဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ် ကြတဲ့ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ အေးမြတ်သူစတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားခဲ့ ကြတာ ဖြစ်ပါတယ်။

နေတိုးကတော့ ဒီကားထဲက အဓိကဇာတ်ကောင် လူရွှင်တော်တယောက်နေရာ က ပါဝင်ထားပြီး ပရိသတ်အကြိုက် ငိုရ၊ ရယ်ရအောင် သရုပ်ဆောင်ပြနေရပေမယ့် အဲဒီ နောက်ကွယ်မှာ ရှိနေတဲ့ ရင်နင့်ကြေကွဲစရာ အဖြစ်အပျက်ဇာတ်လမ်းတွေကိုပါ ဒီကားထဲ မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

“စိတ်ဓာတ်တွေက ညှိုး… မိတ်ကပ်တွေက သိုး… အိပ်ကပ်မှာ ဆေးလိပ်ချိုး(ဂျိုး) တွေနဲ့ ဘ၀က ဆိုးနေလည်း… ရင်ထဲက ငိုကြွေးလည်း… အပြုံးများနဲ့ အမြဲတမ်းဖုံး ကွယ်သူ… ပြုံးရွှင်ရေ ပျော်လားဟေ့… ပြုံးရွှင်ရေ ပျော်လားဟေ့… ဘ၀အမှောင်ကြီးထဲ မှာ… ဟာသဖောင်စီးပြီးတော့… ပျော်စရာများ ငတ်နေတဲ့သူ”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013