DVB Logo
Home
မြန်မာသတင်း
အော်တစ်ဇင်ကျောင်းသားများအတွက် သင်္ကြန်ပွဲ ပြည်မြို့တွင်ကျင်းပ
DVB
·
April 12, 2019
အော်တစ်ဇင်ကျောင်းသားများအတွက် သင်္ကြန်ပွဲ ပြည်မြို့တွင်ကျင်းပ
Donate to DVB

ကမ္ဘာ့အော်တစ်ဇင်နေ့အထိမ်းအမှတ်နဲ့ အော်တစ်ဇင်ကျောင်းသားတွေ အတွက် သင်္ကြန်ပွဲတော်ကို  ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ အော်တစ်ဇင်ကျောင်းမှာ ဒီကနေ့ ကျင်းပ ပါတယ်။

ဧပြီလ ၂ ရက်နေ့က ကျရောက်ခဲ့တဲ့ ကမ္ဘာ့အော်တစ်ဇင်နေ့ အထိမ်းအမှတ်နဲ့ သင်္ကြန်ကျောင်းပိတ်ပွဲနေ့အတွက် ပေါင်းပြီး ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာ  အော်တစ်ဇင် ကျောင်းသင်္ကြန်အနေနဲ့ ကျင်းပတာပါ။

အော်တစ်ဇင်ကလေးငယ်တွေဟာ အပြင်လောကမှာ သူတို့ပါဝင်ဆင်နွှဲနိုင်တဲ့နေရာ မရှိကြတဲ့အတွက် သူတို့အတွက် ပျော်ရွှင်စေဖို့  သီးသန့်သင်္ကြန်လေး တခု ဖန်တီးပေးတာလို့ ခေတ္တရာမြေဖေါင်ဒေးရှင်းက ဆရာမ ဒေါ်မေသူဟန်က ပြောပါတယ်။

အခုလို ပွဲမျိုးလေးတွေများများ လုပ်ပေးစေချင်တယ်လို့ ဘ၀သစ်ဖောင်ဒေးရှင်းက အုပ်ချုပ်ရေးတာဝန်ရှိသူ ဦးငြိမ်းချမ်းကလည်း ပြောပါတယ်။

ပြည်မြို့က အော်တစ်ဇင်ကျောင်းမှာ သင်တန်းသား ၂၉ ယောက်ရှိပြီး  ဆရာ၊ ဆရာမကတော့ ၇ ယောက်ရှိပါတယ်။

အဲဒီကျောင်းကို ပြီးခဲ့တဲ့နှစ်ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခု နွေရာသီ ကျောင်းပိတ်တော့မှာဖြစ်လို့  ကျောင်းပိတ်ပွဲနဲ့အတူ ကျောင်းသင်္ကြန်ပွဲတော်ကို စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။

သင်္ကြန်ပွဲတော် တက်ရောက်လာတဲ့ ဧည့်သည်တွေကိုလည်း မုန့်လုံးရေပေါ်နဲ့ မြန်မာမုန့်မျိုးစုံ  စတုဒိသာ ကျွေးမွေးဧည့်ခံခဲ့ပါတယ်။

ဓာတ်ပုံ-ခေတ္တရာမြေဖေါင်ဒေးရှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013