DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ခံ စည်ပင်ကော်မတီဝင်သစ်များ ကျမ်းသစ္စာကျိန်ဆို စတင်တာဝန်ထမ်းဆောင်
DVB
·
April 12, 2019
ရွေးကောက်ခံ စည်ပင်ကော်မတီဝင်သစ်များ ကျမ်းသစ္စာကျိန်ဆို  စတင်တာဝန်ထမ်းဆောင်
Donate to DVB

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်မှာ အသစ် ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ စည်ပင်ကော်မတီဝင်တွေဟာ  ဒီကနေ့ ဧပြီ ၁၂ ရက်မနက်က ရန်ကုန်မြို့တော်ခန်းမမှာ ကျမ်းသစ္စာကျိန်ဆိုပြီး စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲကနေ မြို့တော်ကော်မတီဝင် အဆင့် ၆ဦးနဲ့  မြို့နယ်အဆင့် ၉၉ ဦးစုစုပေါင်း ကော်မတီဝင် ၁၀၅ ဦး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပြီး ရွေးချယ်ခံရတဲ့ မြို့တော် ကော်မတီဝင်တွေထဲက တဦးကိုလည်း  ဧပြီး ၈ ရက်နေ့က ဒုမြို့တော်ဝန်အဖြစ် ရွေးချယ်ပြီး ဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆို တာဝန်စတင်ထမ်းဆောင်ကြမယ့် ကော်မတီဝင်အသစ်တွေ အနေနဲ့  မြို့တော်အတွင်း ရေစီးရေလာကောင်းအောင်လုပ်ဆောင်ဖို့ အမှိုက်နဲ့ ကျူးကျော် ပြဿနာ တွေကို ပြဋ္ဌာန်းထားတဲ့ စည်ပင်ဥပဒေနဲ့ အညီ ဆောင်ရွက်ကြဖို့ ရန်ကုန်တိုင်း ဒေသကြီး  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ ပြည်သူ ရွေးကောက် တင်မြှောက်လိုက်တဲ့  မြို့တော်ကော်မတီဝင် ၆ဦးနဲ့ အစိုးရခန့်အပ် ကော်မတီဝင် ၅ဦး စုစုပေါင်း ၁၁ ဦးရှိတဲ့အထဲက ၇ ဦးကို စည်ပင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတာဝန်ခံတွေအဖြစ်  အဖွဲ့ ၇ ဖွဲ့ မှာ တာဝန်ပေးလိုက်ပါတယ်။

မြို့နယ်အဆင့် စည်ပင်ကော်မတီအသီးသီးမှာတော့  မြို့နယ်ဥက္ကဋ္ဌနဲ့ အဖွဲ့ ဝင် ၁နဲ့ အဖွဲ့ဝင် ၂ တို့ဟာ ရွေးကောက်ခံအနေနဲ့ တာဝန်ယူမှာဖြစ်ပြီး မြို့နယ် ဒုထွေအုပ်က အဖွဲ့ဝင်၃၊  မြို့နယ် အုပ်ချုပ်ရေးမှူးက အတွင်းရေးမှူး အနေနဲ့  အသီးသီး တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ- ရန်ကုန်တိုင်းအစိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013